21.8.15

အဖွဲ့အားလုံးပါဝင်မှသာ အပစ်ရပ်စာချုပ်တွင် ကေအိုင်အေလက်မှတ်ထိုးစေလိုကြောင်း ကချင်ပြည်သူဆန္ဒရှိဟု KBC တာဝန်ရှိသူပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်မှသာ တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကို လက် မှတ်ရေးထိုးရန် ကချင်ပြည်သူလူထုက သဘောတူကြောင်း ကချင် နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)အတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်က ပြောကြားသည်။


ကေအိုင်အို(ကချင်လွတ် မြောက်ရေးအဖွဲ့) ဌာနချုပ်ရှိရာ လိုင်ဇာတွင် သြဂုတ် ၁၇ နှင့် ၁၈ ရက်တို့၌ ပြုလုပ်ခဲ့သော တစ်နိုင် ငံလုံး အပစ်အခတ်ရပ်စဲရေးစာ ချုပ် (NCA) အပေါ် ကချင်ပြည်သူ လူထု၏  ဆန္ဒသဘောထားတောင်း ခံသည့် လူထုတွေ့ဆုံပွဲတွင် ကချင်ပြည်သူများက ယင်းသို့ ဆန္ဒရှိခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘တိုင်းရင်းသားအားလုံးပါ ၀င်တဲ့ လက်မှတ်ထိုးခြင်းပဲလုပ်ရ အောင်။ တစ်ဖွဲ့ချင်းစီ ထိုးတာမျိုး ကို မလုပ်ဖို့ပြောဆိုကြတယ်’’ဟု ဒေါက်တာ ဆမ်ဆွန်ကဆိုသည်။

ထို့အပြင် အကယ်၍ ကိုး ကန့်၊ တအာင်န်းပလောင်(TNLA) တို့က စာချုပ်တွင် ပါဝင်လက်မှတ် မရေးထိုးနိုင်ပါက အဆိုပါတပ်ဖွဲ့ များရှိရာ ဒေသခံပြည်သူလူထု သည် တိုက်ပွဲများကြောင့် ဆက် လက်ဒုက္ခရောက်မည်ဖြစ်၍ အား လုံးပါဝင်လက်မှတ်ရေးထိုးရန်အ ရေးကြီးကြောင်း ၎င်းကပြော သည်။အဆိုပါတွေ့ဆုံပွဲသို့ တက် ရောက်သည့် ကချင်လူထုထဲတွင် လူမှုရေးအဖွဲ့အစည်းများမှခေါင်း ဆောင်များ၊ ဘာသာရေးခေါင်း ဆောင်များ၊ စစ်ဘေးဒုက္ခသည် များနှင့် လူထုခေါင်းဆောင်အချို့ အပါအ၀င် ကချင်နှင့် ရှမ်းပြည် နယ်မြောက်ပိုင်းရှိ ဒေသခံနှစ်ရာ ကျော် တက်ရောက်ခဲ့သည်။တက်ရောက်လာသူအများ စုသည် NCA အပေါ် အလျင်စလို လက်မှတ်မရေးထိုးရန်နှင့် အာမခံ ချက်ရှိမှ လက်မှတ်ရေးထိုးရန် တောင်းဆိုခဲ့ကြကြောင်း ကေအိုင် အေ(ကချင်လွတ်မြောက်ရေးတပ် မတော်) မှ ဗိုလ်မှူးကြီးတစ်ဦးက ပြောသည်။ ထို့ပြင် လက်ရှိငြိမ်းချမ်း ရေးဆွေးနွေးပွဲနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်များ၏ အ ခြေအနေအဆိုးအကောင်းမှာ အ စိုးရ၏ စိတ်နေစိတ်ထားနှင့် အ များကြီးသက်ဆိုင်ကြောင်းဒေါက် တာဆမ်ဆွန်ကဆိုသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေးသဘောတူစာ ချုပ်ကို အစိုးရကယခုရက်ပိုင်းအ တွင်းပြည်သူသို့ထုတ်ပြန်ထားပြီး စာချုပ်ကို ပါဝင်လက်မှတ်ရေးထိုး ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်ထားပြီးဖြစ်သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KPC) ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ၊မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က ပါဝင်လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ကြေညာချက်ထုတ် ပြန်ခဲ့သည်။
Credit to>>>7 Day Daily

0 comments:

Post a Comment