21.8.15

ပါတီကိစ္စတွင် သမ္မတဦးသိန်းစိန်ဘက်မှ ရပ်တည်နေခြင်းမရှိဟု တပ်ချုပ်ပြော

ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲကိစ္စတွင် သမ္မတဦးသိန်းစိန်ဘက်မှ ရပ်တည်နေသည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

 တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သြဂုတ် ၂၀ ရက်တွင်RFA သတင်းဌာနမြန်မာပိုင်းဌာနမှူးဒေါ်ညိမ်းရွှေနှင့်တွေ့ဆုံမေးမြန်းခန်းတွင် တပ်မတော်သည် နိုင်ငံတော်သမ္မတဘက်မှ ပံ့ပိုးရပ်တည်မှုရှိနေသည်ဟု ပြောကြားမှုများရှိနေသည့်ကိစ္စနှင့်ပတ်သက်၍ မေးမြန်းချက်ကို အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘အစိုးရကို တပ်မတော်က ရပ်တည်ပေးရမှာ လိုအပ်ချက် တစ်ခုပဲ။ အစိုးရက တိုင်းပြည်ဦး ဆောင်တဲ့အဖွဲ့ ဖြစ်နေတာကိုး။ ကျွန်တော်က တပ်မတော်အကြီး အကဲ ဖြစ်နေပေမယ့်လို့ နိုင်ငံ တော်သမ္မတက နိုင်ငံအကြီးအကဲ ဖြစ်လို့ လိုက်နာဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ ပါတီပိုင်းကိစ္စ တွေကတော့ ကျွန်တော်တို့နဲ့ မ ဆိုင်ဘူး။ ကျွန်တော်တို့နဲ့ ပါဝင် ပတ်သက်မှုမရှိဘူး။ အချို့က အ ငြိမ်းစားယူသွားပြီး ပါတီနဲ့ ပတ် သက်လို့ ထင်မြင်ပြောဆိုနေတာ တွေတော့ ရှိတာပေါ့။ အငြိမ်းစား ယူပြီးသွားရင် သူ့လမ်းသူ လျှောက် လို့ရတာပဲ။ ကျွန်တော်တို့ တပ်မ တော်က သွားရောက်ပတ်သက် တာ မရှိပါဘူး။ ဒါတွေက ထင်မြင်ယူဆချက်တွေလို့ပဲ ပြောချင်တယ်’’ဟု ၎င်းက ပြောသည်။

ထို့အပြင် တပ်မတော်က နိုင်ငံရေးအပိုင်းမှ မည်သည့်အ ချိန်ကာလတွင် ထွက်ခွာပြီး သီး ခြားရပ်တည်မှုရှိမည်နည်း ဆို သည့်မေးမြန်းချက်ကိုမူ ၎င်းက အတိအကျ ဖြေကြားသွားခဲ့ခြင်း မရှိဘဲ တိုင်းပြည်အတွက် အနာ ဂတ် လုံခြုံစိတ်ချသည့် အချိန် တွင် တပ်မတော်က အလိုလို သူ့ နေရာတွင်သူ ရှိသွားမည်ဟု ဖြေ ကြားထားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ရေးလောကတွင် ဗိုလ်ချုပ်မှူးကြီး (ဟောင်း) ဦးသန်းရွှေ၏ အခန်း ကဏ္ဍ ပြန်လည်ပါဝင်မှုရှိနေသည် ဆိုသော ပြောကြားချက်များကို လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ငြင်းဆိုလိုက်သည်။
‘‘ကျွန်တော့်အနေနဲ့ကတော့ မဖြစ်နိုင်ဘူးလို့။ ကျွန်တော်ပြော ချင်တာက ဗိုလ်ချုပ်မှူးကြီးက သူ့ ဟာသူပဲ အေးအေးဆေးဆေးနေ တာပါ။ ကျွန်တော်တို့လည်း အခါ ကြီး ရက်ကြီးတွေမှာ သွားပြီးတော့ ဂါရ၀ပြုတာတွေ ရှိပါတယ်။ ကျွန်တော်တို့ တပ်မတော်ရဲ့ မိဘဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့သွားရောက်ဂါရ၀ပြုတာတွေ ရှိပါတယ်။ သူက တိုင်းပြည်ကောင်းဖို့အတွက်ပဲ သူအကြံပြုတာတွေ၊ ကျွန်တော်တို့ တပ်မတော် ကောင်းအောင်လုပ်ဖို့အတွက် အကြံပြုတာတွေပဲ ရှိပါတယ်။ ဘာလုပ်ပါလို့တော့ ဒီဟာတွေကိုတော့ လုပ်တာပြုတာတော့ မပြောဘူး။ မရှိဘူး’’ ဟု ၎င်းက ဆိုသည်။
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေက အားလုံးစည်းစည်း လုံးလုံးနေကြရန်နှင့် တိုင်းပြည် ကောင်းအောင်သာ လုပ်ကြရန်မျှ သာ မကြာမကြာ မှာကြားလေ့ရှိ သည်ဟု ပြောသည်။
‘‘အခု အခြေအနေမျိုးမှာ လည်း  ကျွန်တော်တို့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့လည်း ကျွန် တော်တို့ ဘာမှ မကြားပါဘူး။ အ စိုးရလည်း အစိုးရအလျောက် သူ လုပ်နိုင်တဲ့ဟာတွေ လုပ်နေတာ ပေါ့။ လွှတ်တော်လည်း လွှတ် တော်အလျောက် သူတို့ရဲ့ လုပ်ပိုင်ခွင့်ထဲက လုပ်နေတာဖြစ်ပါတယ်။ ဘာမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (အငြိမ်းစား) ရဲ့ သြဇာလွှမ်းမိုးမှု ဘာတစ်ခုမှ မရှိပါဘူး’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းသို့ RFA နှင့် တွေ့ဆုံ ရာတွင် တပ်မတော်အား ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက် နေမှု၊ တပ်မတော်အရာရှိများ ရွေး ချယ်ခန့်ထားမှု၊ တပ်မတော်အမျိုး သမီးစစ်မှုထမ်းကဏ္ဍ၊ တပ်မ တော်၏ အမျိုးသားနိုင်ငံရေး တာ ၀န်ထမ်းဆောင်မှု၊ ဖွဲ့စည်းပုံအ ခြေခံဥပဒေ ပြင်ဆင်ရေး၊ အစွန်း ရောက်အကြမ်းဖက် အန္တရာယ် ကာကွယ်ရေး၊ တောင်တရုတ်ပင် လယ်အရေးနှင့် မြန်မာ့တပ်မ တော် (ရေ) ကဏ္ဍ၊ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိစ္စရပ် ဆိုင်ရာ မေးမြန်းမှုများအပေါ် သ ဘောထားအမြင်များကို ရှင်းလင်း ပြောကြားခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၏ လူမှု ကွန်ရက်စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။
Creidit to>>>7 Day Daily

0 comments:

Post a Comment