21.8.15

တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးအစည်းအဝေး စတင်

 
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဒီကနေ့စတင်ဆွေးနွေးနေကြပြီဖြစ်သည်။

အစည်းအဝေးကို ယနေ့ သြဂုတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ဆိုင်ရာ သဘောတူစာချုပ် (NCA) တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့များ အားလုံး ပါဝင် လက်မှတ် ရေးထိုးရေး အပါအဝင် ဆက်လက်ဆောင်ရွက်ရမည် လုပ်ငန်းစဉ်အချို့ကို ဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်။
အားလုံးပါဝင်ရေးအပါအဝင် ယခုထိပ်သီးဆွေးနွေးပွဲရလာဒ်များကို ယခုလကုန်ရက်ပိုင်းတွင် နေပြည်တော်၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (Senior Delegation-SD) ခေါင်းဆောင်သုံးဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့မှ ခေါင်းဆောင် ၅ ဦးနှင့် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးကြမည်ဟုသိရသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၅ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ မွန်ပြည်သစ်ပါတီ (MNSP) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ဖြစ်သည်။
Credit to >>>IrrawaddyBurmese

0 comments:

Post a Comment