27.8.15

ဆန်ပြည်ပတင်ပို့မှု စက်တင်ဘာ ၁၅ ရက်အလွန် ခွင့်ပြုမည်


 မြန်မာနိုင်ငံ အနှံ့ရေကြီး ရေလျှံခြင်းကြောင့် တစ်လကြာ ရပ်နားထားသည့် ပြည်ပသို့ဆန်တင်ပို့မှုကို လာမည့် စက်တင်ဘာ ၁၅ ရက်နောက်ပိုင်းတွင် ပြန်လည်တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ   ဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။
‘‘အောက်တိုဘာမှ စပါးတွေ စပေါ်မယ်ဆိုတော့   တောင်သူ တွေလည်း ဈေးကောင်းရအောင် ပြန်တင်ပို့ခွင့်ပြုဖို့ တင်ပြသွားမှာ ပါ။ ပြည်တွင်းဈေးကွက်တစ်ခု တည်းမှာပဲ ရောင်းဝယ်ရမယ်ဆို ရင် ဈေးနှိမ်ခံရမှာစိုးလို့ ပြည်ပ တင်ပို့ခွင့်ပြုဖို့ စီစဉ်တာပါ’’ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များအ သင်း ဥက္ကဋ္ဌဦးအောင်သန်းဦးက ပြောသည်။

ပြည်ပနိုင်ငံများသို့ ဆန်တင် ပို့ခွင့်ရရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ပြန်လည်တင်ပြသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် အထွေထွေအတွင်း ရေးမှူး ဦးရဲမင်းအောင်က ပြော သည်။

‘‘တစ်လကြာလောက် ဆန် တင်ပို့မှုကို ရပ်နားထားတော့ ဈေး ကွက်အခြေအနေကိုတော့ ပြန် စောင့်ကြည့်ရမယ်။ ပြည်တွင်း ဈေးနဲ့ ပြည်ပဆန်ပေါက်ဈေးက မတိမ်းမယိမ်းဆိုရင်တော့ ပြည် တွင်းမှာပဲ ရောင်းမှာပေါ့’’ဟု ဦးရဲ မင်းအောင်က ပြောသည်။

ရေကြီးရေလျှံမှုများ ကြုံ တွေ့ခဲ့ရသည့် ဒေသများတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်း ခန့်အထိ ဈေးမြင့်တက်ခဲ့ပြီး မြန်မာနိုင်ငံ အနှံ့အပြားမှ ပြည်သူများက ဆန်ဝယ်စုခြင်းများ ဖြစ်ပေါ်လာ ၍ ပြည်တွင်းဆန်ဖူလုံမှုရှိစေရန် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှု ကို သြဂုတ်လဆန်းပိုင်း၌ စတင်ရပ်နားခဲ့သည်။

ဆန်တင်ပို့မှု လိုင်စင်အသစ် ထုတ်ပေးခြင်းကိုလည်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက တစ်လကြာ ရပ် နားထားခဲ့သည်။

‘‘ပြည်ပတင်ပို့ခွင့်ကို ပြန် လည်ခွင့်ပြုပေးဖို့ များပါတယ်။ ပြည်တွင်းမှာလည်း ဆန်လက်လီ ဆိုင်တွေ ဖွင့်ပေးထားတော့ ဆန် ဈေးတက်ဖို့ မရှိတော့ပါဘူး’’ဟု ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြင့်ချိုက ပြော သည်။ ယခုဘဏ္ဍာနှစ်အစ ဧပြီ မှ ဇူလိုင်အထိ လေးလတာကာလ အတွင်း ဆန်တန်ချိန် ခြောက် သိန်းကျော်တင်ပို့ပြီးဖြစ်ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

Credit To >>> 7Day News

0 comments:

Post a Comment