27.8.15

ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များ ယခုတစ်ပတ်အတွင်း နားမည်

ကျင်းပနေဆဲ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ယခုလ ၂၈ ရက်တွင် ရပ်နားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားသည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေး လျာထား ချက် အစီအစဉ်များအရ သတင်း ရရှိသည်။
သြဂုတ် ၂၈ ရက် (သောကြာနေ့)တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးလျာ ထားချက်၌ ပထမအကြိမ် ပြည် ထောင်စုလွှတ်တော် (၁၂) ကြိမ် မြောက် ပုံမှန်အစည်းအဝေးရပ် နားကြောင်း ကြေညာခြင်း အစီအ စဉ်ပါရှိသည်။

ပထမအကြိမ် ပြည်သူ့လွှတ် တော် (၁၂) ကြိမ်မြောက်ပုံမှန်အ စည်းအဝေးကိုလည်း ယနေ့ (သြ ဂုတ် ၂၇ ရက်)တွင် ရပ်နားမည် ဖြစ်ကြောင်း သြဂုတ် ၂၇ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေး လျာထားချက်အရ သိရသည်။

ပြည်ထောင်စုလွှတ်တော်နှင့်ပြည်သူ့လွှတ်တော်အစည်းအ ဝေးများ ရပ်နားရန် လွှတ်တော်အ စည်းအဝေးလျာထားချက်တွင် ပါ ၀င်နေမှုသည် အမျိုးသားလွှတ် တော်အစည်းအဝေးရပ်နားလိုက် သည့်အချိန်မှ ရက်သတ္တတစ်ပတ် ခန့်သာကြာမြင့်နေသည်ကို တွေ့ ရသည်။

ပထမအကြိမ် လွှတ်တော် (၁၂) ကြိမ်မြောက် အမျိုးသား လွှတ်တော်အစည်းအဝေးကို သြ ဂုတ် ၁၉ ရက်က ရပ်နားလိုက်ခြင်း ဖြစ်ကာ ရေဘေးကူညီရန်၊ ကိုယ် စားလှယ်လောင်းစိစစ်ရန်နှင့် ရွေး ကောက်ပွဲ မဲဆွယ်ခွင့်ကိစ္စများ ဆောင်ရွက်ရန် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်အစည်းအဝေးကို ရပ် နားထားရန် အရေးကြီးအဆိုတင် သွင်းရာတွင် ထောက်ခံသူများသ ဖြင့် လွှတ်တော်အစည်းအဝေး ရပ်နားလိုက်ခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ဘက် တွင်လည်း ယင်းအဆိုကဲ့သို့ အရေးကြီးအဆိုတစ်ရပ်ကို ပြည် ခိုင်ဖြိုးကိုယ်စားလှယ်တစ်ဦးက သြဂုတ် ၁၈ ရက်တွင် တင်သွင်းခဲ့ သော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပယ်ချခဲ့ ခြင်း ဖြစ်သည်။

လွှတ်တော်အစည်းအဝေး များရပ်နားထားရန်ရှိသော်လည်း ပြဋ္ဌာန်းရန် ကျန်ရှိနေသေးသည့် ဥပဒေများ အကြွေးကျန်မရှိစေ ရေး လွှတ်တော်၏ ကော်မတီနှင့် ကော်မရှင်များက ဆက်လက်ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက သြဂုတ် ၂၅ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော်ကော်မတီ၊ ကော်မရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားသည်။

Credit To >>> 7Day News

0 comments:

Post a Comment