31.8.15

လွှတ်တော်အမတ်များ၏ အီးမေးလ် ၅ဝဝကျော်အား ဖောက်ထွင်းရယူခဲ့သည့်အဖွဲ့အား ဇမ္ဗူသီရိရဲစခန်းတွင်အမှုဖွင့်

သူရဦးရွှေမန်းနှဇင်င့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ် တော်ကိုယ်စားလှယ်အယောက် ၅ဝဝ ကျော် ၏အီးမေးလ်အချက်အလက်များ ဖောက် ထွင်းသွားသည့် တရားခံများကိုဖော်ထုတ် ပေးရန် ပြည်သူ့လွှတ်တော်ကနေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရဲစခန်းတွင်အမှုဖွင့်ထား ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ညွှန်ကြားရေး မှူးဦးကိုကိုနိုင်က ဇမ္ဗူသီရိမြို့နယ်ရဲစခန်း တွင် အီလက်ထရွန်နစ်ဥပဒေဖြင့် သြဂုတ် ၂၈ရက်ကအမှုဖွင့်လိုက်ပြီး ရဲအရာရှိများအ နေဖြင့် စုံစမ်းမှုလုပ်ငန်းစတင်နေပြီကြောင်း ဒက္ခိဏသီရိခရိုင် ဇမ္ဗူသီရိမြို့နယ်ရဲစခန်းမှ သိရသည်။
''ပြည်သူ့လွှတ်တော်ဘက်က မနေ့ ကမှအမှုလာဖွင့်တာပါ။ အီလက်ထရွန်နစ် ဥပဒေနဲ့ပဲအမှုဖွင့်ထားတယ်။ လောလော ဆယ်မှာ ကျွန်တော်တို့အနေနဲ့ စုံစမ်းမှုစတင် နေတုန်းဖြစ်တဲ့အတွက် ဘာမှထူးခြားမှုမရှိ သေးပါဘူး။ တရားခံတွေကိုအမြန်ဆုံးဖော် ထုတ်နိုင်အောင်တော့ ကြိုးပမ်းနေပါတယ်''ဟု ဒက္ခိဏာသီရိခရိုင်မှ ဒုတိယရဲမှူးကြီးဝင်း ချွန်က ဖလားဝါးနယူးစ်သို့ ပြောသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သြဂုတ် ၁၇ရက်က New Generation Wave အင်တာနက်ဟက်ကာအဖွဲ့က ပြည် သူ့လွှတ်တော်၏အင်တာနက်ဆာဗာကို ¤င်း တို့ဖောက်ထွင်းပြီး လွှတ်တော်ကိုယ်စားလှယ် ၅၂၉ဦး၏အီးမေးလ်အချက်အလက်များ ရယူနိုင်ခဲ့ကြောင်း ပြည်တွင်း၊ ပြည်ပသတင်း ဌာနအချို့တွင်ဖော်ပြထားသည်။
''လွှတ်တော်ထဲမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ပတ်သက်ပြီး အသေး စိတ်ကို တရားဝင်လေ့လာလို့ရတယ်။ ဒါမှ မဟုတ် တရားမဝင်လေ့လာလို့ရတယ်လို့ ကျွန်တော့်အနေနဲ့ခံယူထားတယ်။ ဘာမှ လျှို့ဝှက်စရာမရှိပါဘူး။ လွှတ်တော်ကိုယ် စားလှယ်တွေရဲ့အီးမေးလ်အဖောက်ခံရတာ လဲ ထူးခြားမှုလို့တော့ မထင်ပါဘူး။ ဒါက နိုင်ငံတိုင်းမှာ ဖြစ်နေတာပဲ''ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးသိန်းညွန့်က သူ့ထင် မြင်ချက်ကို ပြောသည်။
ယင်းကဲ့သို့ဖောက်ထွင်းခံခဲ့ရ သည့် အီးမေးလ်များထဲ တွင် အစိုးရနှင့်နီး စပ်မှုရှိသည့် ခရိုနီများ၊ နိုင်ငံခြားလုပ်ငန်းရှင် များ အပြန်အလှန်ရေးသားထားခြင်းများပါ ဝင်သကဲ့သို့ ပြည်သူ့ဘဏ္ဍာအလွဲသုံးစား လုပ်ထားသည့်အချက်အလက်များလည်း ပါဝင်သည်ဟုကြေညာခဲ့သည်။ ယင်းလျှို့ ဝှက်ချက်များကို မကြာမီရက်ပိုင်းအတွင်း အများပြည်သူသိရှိရန် ထုတ်ပြန်ကြေညာ သွားမည်ဟုလည်း အဆိုပါ New Generation Wave က ထုတ်ပြန်ထားသည်ဟု သ တင်းများက ဆိုသည်။
Credit to : Yangon Media Group

0 comments:

Post a Comment