31.8.15

ရွေးကောက်ပွဲဆိုသည်မှာ ကိုယ်စားလှယ်ရွေးခြင်းမဟုတ်၊ နိုင်ငံအုပ်ချုပ်မည့်အစိုးရကို ရွေးချယ်ခြင်းဖြစ်ဟုဆို


-ရွေး ကောက်ပွဲဆိုသည်မှာ ကိုယ်စားလှယ် ကို ရွေးချယ်ခြင်းမျိုးမဟုတ်ဘဲ နိုင်ငံ ကိုအုပ်ချုပ်မည့်အစိုးရကို ရွေးချယ် ခြင်း မျိုးဖြစ်၍ ကိုယ့်ဘဝမည်သို့ဖြစ် မည်ကို တိုင်းတာဆုံးဖြတ်ပေးခြင်းဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က နေပြည်တော်တွင်ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၌ ပြောကြားလိုက်သည်။

ဩဂုတ် ၃၀ ရက်က နေပြည် တော်ရှိ ဥတ္တရသီရိမြို့နယ် မင်းကုန်း ကျေးရွာ တွင်ပြုလုပ်သည့် ရွေးကောက် ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲ ၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ''လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ တွေဟာ တက်တက်ကြွကြွနဲ့ ကိုယ့် လုပ်ပိုင်ခွင့်အရရော ကိုယ့်တာဝန် အရပါ ပါဝင်ဖို့လိုတယ်။ လုပ်ပိုင်ခွင့် တာဝန်ဆိုတာ ရွေးကောက်ပွဲမှာ မဲ ပေးခွင့် ဘာလို့အရေးကြီးဆုံးအခွင့် အရေးလဲဆိုရင် အစိုးရကိုရွေးချယ် တဲ့ပွဲဖြစ်တယ်။ ကိုယ့်နိုင်ငံကိုအုပ် ချုပ်မယ့်အစိုးရကို ရွေးချယ်တဲ့နေရာမှာ ကိုယ့်ဘဝ ဘယ်လိုဖြစ်မယ်ဆိုတာ တိုင်းတာဆုံးဖြတ်ပေးတာဖြစ်တယ်။ ရွေးချယ်တဲ့ အခါ ပြည်သူက ကိုယ့်မှာ ဆုံးဖြတ်ပိုင်ခွင့်အတိုင်းအတာ တစ် ခုထိရှိတယ်။ နိုင်ငံရေးဆိုတာ နိုင်ငံ ရေးသမားတွေ နိုင်ငံရေးပါတီတွေရဲ့ အလုပ်ပဲ။ ငါတို့သာမန် ပြည်သူနဲ့မ ဆိုင်ဘူးလို့ထင်ကြတယ်။ ကိုယ့်အတွက်ကိစ္စက ကိုယ်နဲ့ဆိုင်သလို နိုင်ငံ ရေးမမှန်ကန်ရင် ကိုယ်ထမင်းနပ်မှန် အောင် မစားရဘူး။ ဒါကြောင့် နိုင်ငံရေး ဟာ လူတိုင်းနဲ့ဆိုင်တယ်။ ဆိုင်တဲ့အ ထဲမှာ တာဝန်ဝတ္တရားတစ်ခုက ရွေးကောက်ပွဲမှာ မဲပေးဖို့လိုတယ်''ဟု ပြောကြား ခဲ့သည်။
ရွေးကောက်ပွဲမဲပေးနိုင်ရန်မှာ အဓိကနံပါတ်တစ်အဖြစ် မဲစာရင်းတွင် အမည်ပါဖို့လိုကြောင်း၊ အသက် ၁၈ နှစ်ကျော်သည့် နိုင်ငံသားတိုင်းတွင် မဲပေးခွင့်ရှိ၍ ပြည်သူများ၏ တာဝန် ဝတ္တရားအရ မဲစာရင်းကိုကြည့်စေ ချင် ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း စစ်မှန်သည့် ပြုပြင် ပြောင်း လဲရေးဖြစ်နိုင်ကြောင်း သူမ၏ အမြင်ကိုပြောကြားခဲ့ပြီး မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်းနိုင်ငံများထက် နောက်ရောက်သွားခြင်းမှာ ပြည်သူ အား နောက်ဆုံးမှာထားသည့်စနစ် ကြောင့် ထိုသို့နောက်ရောက် ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။
သူမက ''ကျွန်မတို့ နိုင်ငံဟာ ဒေ သတွင်းနိုင်ငံတွေရဲ့ နောက်ရောက် သွားပြီဆိုတာ ရိုးရိုးလေးပြောရရင် ပြည်သူကို နံပါတ်တစ်ထားတဲ့စနစ် ကနေ ပြည်သူကို နောက်ဆုံးမှာထား လို့ အဲဒီလိုဒုက္ခခံခဲ့ရတာဖြစ် တယ်။ ပြည်သူကို လေးစားဖို့လိုတယ်။ ပြည်သူကိုတန်ဖိုးထားဖို့ လိုတယ်။ ပြည်သူ ရဲ့အင်အားကို အသိအမှတ်ပြုဖို့လိုတယ်။ ပြည်သူရဲ့ အင်အားဆိုတာ ရွေး ကောက်ပွဲကနေတစ်ဆင့် ပြဖို့လိုပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ ယဉ် ကျေးတဲ့ နိုင်ငံရေးစနစ်လို့ပြောချင်ပါ တယ်။ ပြည်သူကိုလေးစားမှ တိုင်း ပြည်ကတည်ငြိမ်မှာဖြစ်တယ်။ ပြည် သူကိုမလေးစားရင် ရေတိုမှာ ဩဇာ နဲ့၊ အာဏာနဲ့၊ ခြိမ်းခြောက်မှုနဲ့၊ ဟိန်း ဟောက်လို့ရပေမယ့် ပြည်သူတွေမခံ မရပ်နိုင်ဖြစ်လာရင် နိုင်ငံမတည်ငြိမ် မှုကိုဖြစ်လာနိုင်တယ်။ အရေးကြီးဆုံးဟာ တည်ငြိမ်မှုပါပဲ။ နိုင်ငံတည်ငြိမ် မှ တိုးတက်နိုင်မယ့်အခွင့်အရေးတွေ ရလာနိုင်မယ်'' ဟု ပြောကြားခဲ့သည်။
Credit to : Democracy Today 

0 comments:

Post a Comment