7.8.15

သဘာဝဘေးခံစားခဲ့ရသည့် ရခိုင်ပြည်သူများ စိတ်ဓာတ်မကျရန်နှင့် လိုအပ်သည့်အကူအညီများပေးသွားမည်ဟု နိုင်ငံတော် သမ္မတ ပြောကြား

 
ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားခဲ့သည့် သဘာဝဘေး အတွက် စိတ်ဓာတ် ကျမနေဘဲ ပြန် လည်ထူထောင်ဖို့ ကြိုးစားရမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဩ ဂုတ် ၆ ရက်တွင် ရခိုင်ပြည် နယ် မြောက် ဦးမြို့ အလိုတော်ပြည့် ဘုန်းတော်ကြီး ကျောင်း ရေဘေး ဒုက္ခသည်စခန်းရှိ ဒုက္ခသည်များအား ပြောကြားခဲ့ကြောင်း သိရသည်။


ရေကြီးနစ်မြုပ်မှုဆိုး ရွားစွာ ကြုံ တွေ့ခဲ့ရသည့် မြောက်ဦးမြို့သို့ နိုင်ငံ တော် အကြီးအကဲ ခရီးစဉ်အဖြစ် နိုင်ငံ တော်သမ္မတနှင့် ပြည်ထောင် စုဝန်ကြီး များမှာ ဩဂုတ် ၆ ရက်က မြောက် ဦးမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

''သဘာဝဘေးဆိုတာ တားလို့ မရတဲ့အတွက်ဖြစ်ခဲ့တာတွေကို တွေး ပြီးစိတ်ဓာတ်ကျမနေဘဲ ပြန်လည်ထူ ထောင်ဖို့အတွက် ကြိုးစားကြရမှာဖြစ် ပါတယ်၊ ကျွန်တော်တို့လဲ တတ်နိုင် သလောက် လိုအပ်တဲ့အကူ အညီတွေ ပေးသွားပါ မယ်၊ ဒေသခံပြည်သူတွေ လဲ တတ်နိုင် သလောက် ပြန်လည်ထူ ထောင်ဖို့ကြိုးစားကြပါ''ဟု နိုင်ငံတော် သမ္မတက ပြောကြားသည်။

လက်ရှိတွင် စစ်တွေမြို့၌ လေ ယာဉ်များ ပုံမှန်ဆင်းသက်၍ ရနေပြီ ဖြစ်သောကြောင့် ကူညီထောက်ပံ့ရေး ပစ္စည်းများပေးပို့ရန် လွယ်ကူနေပြီ ဖြစ်ကြောင်း၊ ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်မြေများ အ ချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါး ရရှိရေး အဓိကဦးစားပေးဆောင်ရွက် နေကြောင်းသမ္မတက ဆက်လက် ပြောကြား သည်။

ထို့နောက် ရေနစ်မြုပ်မှုဖြစ်ပေါ် ခဲ့သည့် စာသင်ကျောင်းများနှင့် ကျောင်း သားများအတွက် ဗလာစာ အုပ်ကို အချိန်မီဖြန့်ဝေပေး နိုင်မည် ဖြစ်သော် လည်း ပြဋ္ဌာန်းစာအုပ်ရရှိရေး မှာ အခက်အခဲဖြစ်နိုင်ကြောင်း ပြော ကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရေကြီး နစ်မြုပ်မှုဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့သို့ ဩဂုတ် ၂ ရက်တွင် ရောက်ရှိခဲ့ ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ ကာ ရေဘေးထောက်ပံ့ပစ္စည်း များပေးအပ်ခဲ့ကြောင်း သိရသည်။
Credit to>>>Myanmar International News

0 comments:

Post a Comment