3.8.15

အမြန်လမ်းပေါ်၌ သီးကုန်းအရေးပေါ်ရှေးဦးပြု စုစခန်း တည်ဆောက်လျက်ရှိ

 
ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ် မိတ္ထီလာမြို့အနီးရှိ သီးကုန်း(၂၈၅)မိုင် ယာဉ်ရပ်နားစခန်းအနီးတွင် အရေး ပေါ် ရှေးဦးပြုစုစခန်း အဆောက်အအုံ သစ်ကို Steel structure ဖရိန်များဖြင့် တည်ဆောက်လျက်ရှိပြီး ခြောက် လခန့်အတွင်း ပြီးစီးအောင်တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။


''သီးကုန်း(၂၈၅)မိုင် ယာဉ်ရပ်နားစခန်းအနီးမှာ အရေး ပေါ် ရှေးဦးပြုစုစခန်း အဆောက်အအုံသစ်ကို စင်ကာပူ နိုင်ငံကြက်ခြေနီအသင်းရဲ့ လှူဒါန်းငွေကျပ် ၃၅၃ သိန်း ကျော်နဲ့ ဆောက်လုပ်တာဖြစ်ပါတယ်။ အဆောက်အအုံ သစ်ကို သံမဏိကိုယ်ထည် Steel structure ဖရိန်တွေနဲ့ တည်ဆောက် တာ ဖြစ်ပါ တယ်။ စတင်ဆောက်လုပ်တာ တစ်လခွဲကျော်လောက်တော့ ရှိပြီ။ ခြောက် လခန့်နဲ့ အပြီး တည်ဆောက်သွားမှာပါ။ အခုတော့ အခြေခံလိုအပ်ချက် ဖြစ်တဲ့ စက်ရေတွင်းတူးဖော်တာ၊ အုတ်ရေကန် တည်ဆောက် တာတွေတော့ ပြီးသွား ပါပြီ။ အဆောက်အအုံအသစ် ပြီးသွားရင်တော့ အမြန်လမ်းပေါ်က အရေးပေါ် ကိစ္စ တွေကို ယခင်ထက် ပိုမိုအဆင်ပြေချောမွေ့စွာနဲ့ ကူညီ ဆောင်ရွက်နိုင် မှာဖြစ်ပါတယ်''ဟု မိတ္ထီလာမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယ တပ်ရင်းမှူးဦးနေဦး က ပြော သည်။

အဆိုပါ ယာဉ်ရပ်နားစခန်းအနီးတွင် ယာယီအရေး ပေါ်ရှေးဦးပြုစခန်းကို ရန်ကုန်မှမန္တလေးဘက်သို့ သွားရာ လမ်းဘက်အခြမ်းရှိ အမြန်လမ်း ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ပိုင် အဆောက်အအုံတစ်ခုတွင် ၂ဝ၁၃ ခုနှစ် ဇူလိုင် ၂ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်အထိ အမြန်လမ်းပေါ် တွင်ဖြစ်ပေါ်ခဲ့သည့် ယာဉ်မတော်တဆမှု ၉၉ မှုကျော်မှ သေဆုံးလူနာများ၊ ဒဏ်ရာရလူနာများကို အရေးပေါ်ကူညီကယ်ဆယ် မှုများ ဆောင်ရွက်ပေး ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Credit to>>>မြ၀တီ

0 comments:

Post a Comment