28.8.15

ရုရှားနိုင်ငံမှ Su-35 တိုက်လေယာဉ် ၂၄ စင်း တရုတ်ဝယ်ယူမည်


ရုရှားနိုင်ငံမှ Su-35 တိုက်လေယာဉ်များ ၀ယ်ယူရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိပြီး နှစ်နိုင်ငံ အနေဖြင့် သဘောတူညီချက် မရရှိသေးသည့် အချက်များ ကျန်ရှိ နေသေးကြောင်းနှင့် အဆိုပါ ဆွေးနွေးမှု ရလဒ်အား MAKS 2015 နိုင်ငံတကာ လေကြောင်း ပြပွဲတွင် ထုတ်ဖော်ပြောကြား သွားမည် ဖြစ်ကြောင်း သိရသည်။

သဘောတူ စာချုပ်နှင့် ပတ်သက်၍ လက်ရှိ အချိန်တွင် အတည်ပြုသည့် အဆင့်၌ ရှိနေကြောင်း ရုရှားနိုင်ငံ၏ လက်နက် တင်ပို့ ရောင်းချသည့် Rosoboron export ကုမ္ပဏီ ဒုတိယ ညွှန်ကြားရေးမှူးချုပ် အိုင်ဗန်ဂွန်ချာရန်ကို က ပြောကြား ထားသည်။
လှုပ်ရှားမှုနှင့် စစ်ကစားမှု ကောင်းမွန်ပြီး ဘက်စုံသုံး တိုက်လေယာဉ် ဖြစ်သည့် အင်ဂျင် နှစ်လုံးတပ် Su-35 တိုက်လေယာဉ် များကို ဘရာဇီး ၊ အိန္ဒိယ ၊ အင်ဒိုနီးရှား နှင့် တောင်ကိုရီးယား နိုင်ငံတို့ အပါအ၀င် နိုင်ငံအများအပြား သို့ တင်ပို့ရောင်းချ လျက် ရှိကြောင်း သိရသည်။

Credit to >>>ကြေးမုံ

0 comments:

Post a Comment