28.8.15

လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ပစ်မှတ်ထား ဖိနှိပ်ချုပ်ခြယ်မှုများ အမြန်ဆုံးရပ်တန့်ရန် AAPP ထုတ်ပြန်


လူ့အခွင့်အ ရေး ကာကွယ်စောင့်ရှောက်သူများ ကို ပစ်မှတ်ထားဖိနှိပ်ချုပ်ခြယ်မှုများ ကို အမြန်ဆုံးရပ်တန့်ရန်နှင့် ဥပဒေ နှင့်တရားစီရင်ရေးကို အားကောင်း လာစေရေးလုပ်ဆောင်ရန် အဓိကလို အပ်ကြောင်း မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း မြန်မာနိုင်ငံ (AAPP)တို့မှထုတ်ပြန်သည့်အစီရင်ခံစာအ ရ သိရသည်။

''လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများကို ဘယ်လိုကာ ကွယ်ပေးမလဲ'' အစီရင်ခံစာ မိတ် ဆက်ပွဲကို ဩဂုတ်လ ၂ရ ရက် တွင် တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ် ပြီး အစီရင်ခံစာဖြန့်ဝေခဲ့ခြင်းဖြစ် သည်။
လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်သူများအား ဥပဒေမဲ့ဖမ်းဆီး ချုပ်နှောင်ခြင်း၊ နှောင့်ယှက်ခြင်း၊ စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် အ နိုင်ကျင့်မှု အသွင်သဏ္ဌာန်အမျိုးမျိုး အား ချက်ချင်းရပ်စဲရန်လည်း အဆို ပါ အစီရင်ခံစာတွင် ထည့်သွင်းတောင်း ဆိုလိုက်သည်။
လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်သူများအား ဖမ်းဆီးထောင် ချရန်အတွက် ငြိမ်းချမ်းစွာစုဝေးစီတန်း လှည့်လည်ခွင့်ဆိုင်ရာဥပဒေ၊ နိုင်ငံ တော် အကြည်ညိုပျက်စေမှု၊ မတရား အသင်း ဥပဒေပုဒ်မတို့ကို အဓိက အသုံးပြုလျက်ရှိကြောင်း ယင်းအစီ ရင်ခံစာတွင် ဖော်ပြထားသည်။
''လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်တဲ့သူတွေကို နိုင်ငံတော်ရဲ့ ရန် သူအဖြစ်မသတ်မှတ်ဘဲ သူတို့ရဲ့လုပ် ဆောင်မှုက အရေးပါပါလား။ သူတို့ ကြောင့် အစိုးရဟာ ပိုမိုဂုဏ်တက်ပါ လားဆိုတာကို အသိအ မှတ်ပြုခြင်းဖြစ် ပါတယ်။လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်တဲ့သူတွေ ကာကွယ်မှု နဲ့တိုင်ကြားချင်ရင် တိုင်ကြားနိုင်တဲ့ ယန္တရားတွေ ထူထောင်ပေးဖို့။ အား ကောင်းအောင် လုပ်ဆောင်ပေးဖို့လိုပါတယ်'' ဟု Equality Myanmar မှ ဦးအောင်မျိုးမင်းက ပြောကြားခဲ့သည်။
မြို့ကြီးများနှင့် ဝေးလံသည့် ဒေသများ၊ တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးကာကွယ်စောင့် ရှောက်သူများအား အကာအကွယ် ပေး နိုင်မည့် ယန္တရားများ အားနည်း နေသည့်အတွက် လူ့အခွင့်အရေးကာ ကွယ်စောင့်ရှောက်သူများဆိုင်ရာ ကွန်ရက်များ ထူထောင်လုပ်ဆောင် သွားရန်လိုကြောင်း အစီရင်ခံစာတွင် ထည့်သွင်းအကြံပြုထားသည်။
လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်သူများအား အကာအကွယ် ပေးမည့်ဥပဒေများကို ပြဋ္ဌာန်းနိုင်ရန်၊ နိုင်ငံတကာ သဘောတူစာချုပ်များအား လက်မှတ်ရေးထိုးရန် လွှတ် တော်သို့ တိုက်တွန်းထားသည်။
လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်သူများအနေဖြင့် ပုဂ္ဂိုလ်ရေး လုံခြုံမှုကို ခြိမ်းခြောက်ခံရမှု၊ လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှုနှင့် ခွဲခြားဖိနှိပ် မှု၊ စောင့်ကြည့်ထောက်လှမ်းခြင်းတို့ ကိုအဓိကတွေ့ကြုံနေရကြောင်း အ စီရင်ခံစာအရသိရသည်။
Credit to >>>Yangon Media Group

0 comments:

Post a Comment