5.8.15

ရန်ကုန်-ပြည်လမ်းတွင် အောင်လံမြို့ အနီး၌ ရေကျော်


အောင်လံမြို့တွင် ဧရာဝတီမြစ်ရေ နှစ်ပေကျော်ခန့် ထပ်မံတက်လာပြီး ရန်ကုန်-ပြည် လမ်းပေါ်တွင် ရေကျော်နေသောကြောင့် ယနေ့ နံနက်ပိုင်းတွင် သွားလာမှု အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

အောင်လံမြို့အဝင် အေးစေတီအောင်စေတီ ဘုရားထိပ်နှင့် အောင်လံမြို့မှ ၁၂ မိုင်အကွာရှိ ပြလို့ရွာအနီးတွင် ယနေ့နံနက် ၇ နာရီခန့်က ရေကျော်နေပြီး ရေထုများပြားလာသောကြောင့် ဆိုင်ကယ်များ ဖြတ်ကူး၍ မရနိုင်တော့ကြောင်းနှင့် ကားများအနေဖြင့် သတိထားသွားလာနေရကြောင်း သိရှိရပါသည်။
Credit to : Eleven Media Group

0 comments:

Post a Comment