24.8.15

မြန်မာနိုင်ငံတွင် ကျရောက်ခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် ကျပ် ၁၃၆ ဘီလီယံ ဆုံးရှုံးခဲ့ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ပြောကြား


မန်မာနိုင်ငံ တွင် ပြီးခဲ့သည့်လပိုင်းအတွင်း ကကျ ရောက် ခဲ့ သည့် သဘာဝဘေးဒဏ် ကြောင့်ကျပ် ၁၃၆ ဘီလီယံဆုံးရှုံး ခဲ့ရကြောင်း နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က ဩဂုတ် ၂၃ ရက်တွင်ပြု လုပ်သည့် ကလေးဒေသရေဘေး သင့် ပြန်လည်ထူထောင်ရေး လူထုတွေ့ ဆုံပွဲ အခမ်းအနားတွင် ထုတ်ဖော် ပြောကြားလိုက်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆုံးရှုံးခဲ့ရသည့်အ တွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း များလုပ်ဆောင်ရမည်ဖြစ်ရာ တချို့ သောကိစ္စရပ်များတွင် ဝိုင်းဝန်းခြိုးခြံ ချွေ တာပေးရန် လိုအပ်ကြောင်းနှင့် ယင်းကဲ့သို့ ဆောင်ရွက်ရာ တွင်လည်း ပြည်သူ လူထုအနေဖြင့်ပါ ပူးပေါင်း ဆောင် ရွက်ပေးမှသာလျှင် အချိန်တို အတွင်း ပြန်လည် ထူထောင်ရေးလုပ် ငန်းများကို လျင်မြန်စွာလုပ်ဆောင် နိုင်ပြီး မူလအနေ အထားသို့ ရောက် ရှိနိုင်မည်ဟု နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။
နိုင်ငံတော်သမ္မတက ''လွန်ခဲ့ တဲ့တစ်ပတ်ကသိရတဲ့ ပျက်စီးဆုံးရှုံး မှုတွေအရ ကျပ် ၁၃၆ ဘီလီယံ လောက်ဆုံးရှုံးခဲ့ပါတယ်။ ဒါတွေကို ပြန်လည် ထူထောင်ရေးလုပ်ရမှာဖြစ် တယ်။ ဒါ့ကြောင့် တချို့ခြိုးခြံသင့်တဲ့ အပိုင်းတွေကို ဝိုင်းဝန်းခြိုးခြံပေးဖို့လို အပ်ပါတယ်။ တချို့နေရာတွေ၊ ရုံး တွေဆောက်ဖို့ပြော တယ်။ တချို့ဝန် ထမ်းတွေဆိုရင်လဲ ရုံးတွေဆောက်ဖို့ ပြောတယ်။ ရုံးမဆောက်ဘဲနေလို့ ရသေးတယ်ဆိုရင် မဆောက်ဘဲနေ ပေးဖို့၊ တချို့နေရာတွေမှာ မလိုအပ် ဘဲ စာသင်ကျောင်းတွေ သိပ်တောင်း နေ တာတွေ၊ ဆေးခန်းတွေသိပ်တောင်း နေတာတွေကို တစ်ဖက်ကလဲ ခြိုးခြံ ပေးဖို့။ စားစရာတွေကအစ ခြိုးခြံ ခြွေတာစားလိုက်လို့ရှိရင် ပိုလျှံလာ တာတွေက ဒုက္ခသည်တွေအတွက် များစွာအထောက်အကူဖြစ်စေနိုင် တယ်။ တချို့ကိစ္စတွေက တစ်ဦး တည်းအားနဲ့မရပါဘူး။ အစိုးရတစ် ခုတည်းအင် အားနဲ့ မရပါဘူး။ ဒါ ကြောင့် ပြည်သူတွေအား လုံးပူးပေါင်း ပါဝင်ဖို့လို ပါတယ်''ဟု နိုင်ငံတော် သမ္မတက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရေဘေးသင့် ဘေးအန္တရာယ်ကြောင့် အိမ်ထောင် စု ပေါင်းလေး သိန်းမှ လူဦးရေ ၁၆ သိန်း ရေဘေးသင့်ခဲ့ရပြီး ယင်းတို့ အနက် ရေဘေးကြောင့်သေဆုံးသူ ဦးရေ ၁၁၇ ဦးရှိသည့်အပြင် ရေနစ် မြုပ်မှု လယ်ဧကမှာ ၁၄ သိန်းရှိခဲ့ ကြောင်း ယင်းဧကများထဲမှ လယ် ဧက ခြောက်သိန်းမှာ ပျက်စီးဆုံးရှုံး ခဲ့သည့်အတွက် အချိန်မီစပါးစိုက်ပျိုး နိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် လုပ် ဆောင်ပေးလျက်ရှိကြောင်း သိရ သည်။
''သဘာဝဘေးအန္တရာယ်ဆိုတာ က တားဆီးလို့မရဘူး။ မဖြစ်ခင်က ကြိုတင်ကာကွယ်ရမယ်။ ပြီးတော့ ကျွန်တော်တို့ တစ်နိုင်ငံတည်းဖြစ်နေ တာမဟုတ်ဘူး။ ကျန်ဒေသတွေလဲ ဖြစ်နေတယ်။ ကိုယ့်နိုင်ငံ တစ်ခု တည်း ဖြစ်နေ တာမဟုတ်ဘူး။ တစ်နိုင်ငံထဲ ဖြစ်ရင်တောင်မှ တိုင်းနဲ့ ပြည်နယ် အနှံ့အပြားမှာဖြစ်နေတာ။ စိတ်လျှော့ ထားရင်တော့ မူလအနေ အထား ကို ရောက်မှာမဟုတ်ဘူး။ အသက်ရှင် ကျန်ဖို့ကအဓိက။ အသက်ရှင်ရင်ကျန် တာတွေ က ဖန်တီးလို့ရတယ်။မွေးလာ တုန်းကလဲ ဘာမှမပါဘူး။ ဝိုင်းဝန်း လုပ်တဲ့နေရာမှာလဲ မြို့နယ်တစ်ခု လုံးမှာတာဝန်ရှိပါတယ်''ဟု ပြောကြား သည်။
မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး တစ်ခုနှင့် ပြည်နယ်နှစ်ခုဖြစ်သည့် တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန် ပြည်နယ်၊ ကယားပြည်နယ်တို့တွင် သာ သဘာဝဘေး ဒဏ်သင့်မှုဒဏ်မှ လွတ်မြောက်ခဲ့ပြီး ကျန်တိုင်းနှင့် ပြည် နယ်အသီးသီးတို့တွင် သဘာဝဘေး ဒဏ်သင့်ခံခဲ့ရသော်လည်း အခြား နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အသေ အပျောက်၊ ပျက်စီးဆုံးရှုံးမှု သက်သာ သေး သည်ဟု ဆိုနိုင်သောကြောင့် စိတ်လျှော့ မထားဘဲ ပြန်လည်ထူ ထောင်ရေးကို ဝိုင်းဝန်းလုပ်ဆောင် ပေးရန် လိုအပ်ကြောင်း နိုင်ငံတော် သမ္မတက တိုက်တွန်းပြောကြားခဲ့ ကြောင်း သိရသည်။

Credit To >>> Democracy News

0 comments:

Post a Comment