10.8.15

စက်တင်ဘာမှာ မြန်မာပြည်ကိုလာမယ့် ရှောင်ကင်စတန်


ဂျမေကာနှင့် အမေရိ ကန်အဆိုတော်ရှောင်ကင်စတန် သည် လာမည့်စက်တင်ဘာ ၆ ရက်တွင် ည ၇ နာရီမှ ၉ နာရီ ၄၅ မိနစ်အထိ ရန်ကုန်မြို့ မင်းဓမ္မ လမ်းရှိ MCC စင်တာ၌ ကျင်းပ ပြုလုပ်မည့် ဖက်ရှင်နှင့် တေးဂီတ ပွဲတော်တစ်ခုဖြစ်သော Yangon Runway Girls Collection ပွဲတွင်ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။

ယင်းပွဲကိုစီစဉ်သော Living Sound Entertainment ကုမ္ပဏီ က ရှောင်ကင်စတန်နှင့်အတူ နိုင်ငံတကာမှ အနုပညာရှင်များစွာ  ပါဝင်ဖျော်ဖြေမည်ဟု ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ဖော်ပြခဲ့သည်။ အဆိုတော်ရှောင်ကင်စတန်က မြန်မာနိုင်ငံတွင် ဖျော်ဖြေမည့်အကြောင်းကို သြဂုတ် ၅ ရက်၌ တွစ်တာစာမျက်နှာမှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။
မြန်မာအဆိုတော်အမွန်းကလည်း ယင်းပွဲတွင် ပါဝင်ဖျော်ဖြေမည်ဟု သြဂုတ် ၇ ရက်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ပြော ကြားခဲ့သည်။
Living Sound Entertain- ment ကုမ္ပဏီ၏သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ ယင်းပွဲလက်မှတ်ဈေးနှုန်းများသည် သုံးသောင်းကျပ်မှ သုံးသိန်းအထိဖြစ် လိမ့်မည်ဟုသိရသည်။ အဆိုပါပွဲ မှရရှိလာသော အကျိုးအမြတ် များကို မြန်မာနိုင်ငံရှိ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းသွားမည်ဟု Living Sound Entertai- nment က သြဂုတ် ၇ ရက်တွင် ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၌ ပြောကြားခဲ့သည်။
အသက် (၂၅)နှစ်အရွယ် ရက်ပ်အဆိုတော် ရှောင်ကင်သည် လက်ရှိတွင်    စတုတ္ထမြောက် အယ်လ်ဘမ်ထွက်ရှိရန် ပြင်ဆင်နေသည်။

Credit to>>>7 Day Daily

0 comments:

Post a Comment