17.8.15

နိုင်ငံတော်သို့ ရွှေပေးသွင်းရန် ကျန်သည့် ကုမ္ပဏီ ၂၁ ခုအား တရားစွဲမည်ဟု သတ္တုတွင်းဝန်ကြီးဌာန ထုတ်ပြန် နိုင်ငံတော်သို့ ရွှေပေးသွင်းရန် ကျန်ရှိသည့် ကုမ္ပဏီ ၂၁ ခုအား တရားစွဲမည်ဟု သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်စနစ်ဖြင့် ရွှေသတ္တုအသေးစားထုတ်လုပ်မှုလုပ်ငန်းအား စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ကြသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ ၂၁ ခုသည် လုပ်ငန်းသဘောတူစာချုပ်အရ နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေစင်များအား ပေးသွင်းရန် ပျက်ကွက်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေစင်များအား ပေးသွင်းရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ ၂၁ ခုမှာ ရွှေစင်ဟိန်း၊ မြန်မာရွှေသင်္ဂိ၊ မန္တလေးမိုင်းနင်း၊ ရွှေမြနန္ဒာ (စစ်ကိုင်း)၊ မိုးဟိန်းထွန်း၊ ရှမ်းကတူး၊ ဌေးဝင်းထွန်း၊  ပန်းမြတ်မာလာ၊ ရတနာချင်းတွင်း၊  မိုးကြိုးခြင်္သေ့၊ ကံကောင်းခြင်းထာဝရအားမာန်၊ သလ္လာရွှေစင်၊ ရွှေမြေ နန္ဒာ(မန္တလေး)၊ နီလာနှင်းဆီ၊ အမေ့ကျေးဇူး၊ သွေးမိသားစု၊ ပန်းပွင့်၊  မြန်မာထက်ဝေယံ၊ အေးမြပြည့်စုံ၊  မြတ်အိနြေ္ဒ၊ ဇမ္ဗူရာဇ် စသည့် ကုမ္ပဏီများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကုမ္ပဏီများအား ဌာနမှစုံစမ်းစစ်ဆေးရေးအဖွဲ့များဖြင့် စုံစမ်းစစ်ဆေးခဲ့ပြီး ကုမ္ပဏီဒါရိုက်တာအဖွဲ့များသို့ ပေးသွင်းရန် ကျန်ရှိသည့် ရွှေစင်များအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အပြီးပေးသွင်းရန် အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သို့သော်အဆိုပါကုမ္ပဏီ ၂၁ ခု သည် လုပ်ငန်းစာချုပ်အရ နိုင်ငံတော်သို့ ပေးသွင်းရန် ကျန်ရှိသည့် ရွှေစင်များအား ဌာနသို့ လာရောက်ပေးသွင်းခြင်းမရှိသဖြင့် ကုမ္ပဏီများ၏ အုပ်ချုပ်မှုဒါရိုက်တာနှင့် ဒါရိုက်တာအဖွဲ့ အဖွဲ့ဝင်များအား မကြာမီ တရားစွဲဆိုအရေး ယူဆောင်ရွက်သွားမည်ဟု သတိပေး အကြောင်းကြားထားကြောင်း သိရသည်။

အလားတူ အမှတ်(၂) သတ္တုတွင်းလုပ်ငန်းနှင့် ရွှေသတ္တုအသေးစားထုတ်လုပ်မှု လုပ်ငန်းစာချုပ် ချုပ်ဆိုလုပ်ကိုင်ခဲ့ပြီး လုပ်ငန်းစာချုပ်အရ  နိုင်ငံတော်သို့ပေးသွင်းရန် ကျန်ရှိသည့် ကုမ္ပဏီများမှ ပေးသွင်းရမည့်ရွှေစင်များအား ပေးသွင်းခြင်းမရှိပါက တရားစွဲဆို အရေးယူသွားမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အမှတ်(၂) သတ္တုတွင်းလုပ်ငန်းတွင် နှစ်ဟောင်းကြွေးကျန် ရွှေစင်ကျပ်သား ၈၅၆၂၅ ဒသမ ၄၈ ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအမှတ်စဉ် (၆/၂၀၁၅) တွင် ဖော်ပြထားချက်အရ သိရသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment