24.2.14

“မျိုးစောင့်ဥပဒေ”ပြဋ္ဌာန်းရေး ဟောပြောပွဲ နေပြည်တော်တွင်ကျင်းပ




၂၄.၂.၂၀၁၄၊ တနင်္လာနေ့

“မျိုးစောင့်ဥပဒေ”ဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုပေးရေး ဟောပြောပွဲနှင့် လူထုဆန္ဒခံယူပွဲကို နေပြည် တော် ဥပ္ပါဒသန်္တိစေတီအနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်ခဲ့သည်။


အဆိုပါဟောပြောပွဲနှင့် ဆန္ဒခံယူပွဲကို အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ပြု လုပ်ခြင်းဖြစ်ပြီး နေပြည်တော်တွင် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

ပရိသတ်ရာပေါင်းများစွာ တက်ရောက်သည့် ထိုပွဲကို မန္တလေးမစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရ သူက သ၀ဏ်လွှာပို့ခဲ့သေးရာ “မျိုးစောင့်ဥပဒေ မရှိခဲ့သောကြောင့် မြန်မာတိုင်းရင်းသားများ၊ အိုးအိမ် စည်းစိမ် လုံခြုံမှုမရှိခဲ့ပါ။ မြန်မာတိုင်းရင်းသားတို့နှင့်အတူ ၎င်းတို့ကိုးကွယ်ရာ ဘာသာသာသနာမှာ ဖျက် ဆီးခံခဲ့ရပါတယ်”ဟု သ၀ဏ်လွှာတွင် ရေးသားထားသည်။

အဆိုပါဟောပြောပွဲသို့ လာရောက်သူများထံမှ ဥပဒေအတည်ပြုရန် ထောက်ခံသည့် လက်မှတ်များ လည်း ကောက်ယူထားပြီး ရရှိသည့်လက်မှတ်များကို လွှတ်တော်သို့ ပေးပို့သွားမည်ဟု ထေရ၀ါဒဓမ္မကွန် ရက်မှ သဘာပတိဖြစ်သူ ဦးမောင်မောင်က ပြောသည်။

ဟောပြောပွဲတွင် “မျိုးစောင့်ဥပဒေကို မပြဋ္ဌာန်းလိုသော လွှတ်တော်ကိုယ်စားလှယ်များအား အလိုမရှိ”ဟူ သည့် ပိုစတာများကိုလည်း စိုက်ထူထားသည်။

ဟောပြောပွဲသို့ လာရောက်သည့် သရက်ခုံရွာမှ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက “အမျိုး ဘာသာ စောင့်ရှောက်ဖို့လိုသလို ကိုယ့်သားသမီးလည်း ကိုယ်ဆုံးမရမှာပေါ့”ဟု မဇ္ဈိမကို ပြောသည်။ အမည်မဖော်လိုသူ နောက်တစ်ဦးဖြစ်သည့် သာယာကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦးကလည်း “တို့က ဒီအတိုင်းပဲ ရွာကလူကြီးဖိတ်လို့လာတာ၊ နားထောင်ကြည့်တော့ စည်းရုံးရေးပေါ့ဟယ်..နော့၊ ဒါပဲပေါ့”ဟု ဆိုသည်။

မျိုးစောင့်ဥပဒေဟုခေါ်ဝေါ်နေသော ဥပဒေကြမ်းနှစ်ခုသည် “မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်းနှင့် ကိုးကွယ်ရာဘာသာနှင့်ပတ်သက်၍ မှတ်ပုံတင် ဥပဒေ ကြမ်း”တို့ ဖြစ်သည်။

ထိုဥပဒေကို ၂၀၁၃၊ ဇွန် ၁၂ ရက်က မှော်ဘီ၊ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓသာ သနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

“မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်း”တွင် မြန်မာဗုဒ္ဓ ဘာသာဝင်အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်ဖြစ်ပြီး၊ ဘာသာခြား ဖြစ်ခဲ့သူက ဗုဒ္ဓဘာသာအမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက် မှတ်ရရှိထားရန် လိုအပ်သည်ဟု ဖော်ပြထားသည်။ ယင်းသို့ မလိုက်နာပါက ထောင်ဒဏ် ၁၀ နှစ် ကျခံရ မည်ဟုလည်း တစ်ပါတည်း ထည့်သွင်း ရေးဆွဲထားသည်။

Mizzima

0 comments:

Post a Comment