25.2.14

အမျိုးသမီးငယ်အား အခန်းအတွင်းပိတ်လှောင်၍ ပြည့် တန်ဆာအဖြစ် အဓမ္မခိုင်းစေမှုဖြစ်ပွား



25-2-2014

အမျိုးသမီးငယ် အား အခန်းအတွင်းပိတ်လှောင်၍ ပြည့်တန် ဆာအဖြစ် အဓမ္မစေခိုင်းခံရသည့်ဖြစ်စဉ် တစ်ခု ဒဂုံဆိပ်ကမ်းမြို့နယ်တွင်ဖြစ်ပွားခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဒဂုံဆိပ်ကမ်းမြို့နယ် ၇၈ ရပ်ကွက်တွင်နေထိုင်သော ဒေါ်--၏သမီးဖြစ်သူ အသက် ၁၇ နှစ်အရွယ်အမျိုး သမီးငယ်မှာ ဖေဖော်ဝါရီ ၁၃ရက်က နေ အိမ်မှပျောက်သွားပြီး ၁၆ရက်တွင် နေအိမ် သို့ပြန်လည်ရောက်ရှိလာကာ သမီးဖြစ်သူ မှာ ဖြားယောင်းသွေးဆောင်ခံရပြီး အခန်း အတွင်းပိတ်လှောင်ကာ အဓမ္မခိုင်းစေခံခြင်း ဖြစ်ကြောင်း သမီးဖြစ်သူ၏ပြောပြချက်အရ ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းတွင် ဖေဖော် ဝါရီ ၁၈ ရက်က သွားရောက်တိုင်တန်းခဲ့ ကြောင်း သိရသည်။

သမီးဖြစ်သူအား တစ်ရပ်ကွက် တည်းနေ မ--အသက် ၂ဝ နှစ်ဖြစ်သူက အထည်ချုပ်စက်ရုံတွင်အလုပ်ရမည်ဟု စည်း ရုံးကာ ဗိုလ်တထောင်ဘုရားသို့ခေါ်ဆောင် သွားကာ ယာဉ်မောင်း -- ၄ဝ နှစ်၏ ကား ဖြင့်ခေါ်ဆောင်ကာ ရှစ်ထပ်တိုက် ငါးလွှာ တွင် အခန်းသော့ခတ်ကာ ပိတ်လှောင်ထား ခဲ့ကြောင်း၊ အခန်းအတွင်းတွင် လွန်ခဲ့သော ရက် ၂ဝ က ပျောက်သွားသော ညီမဝမ်း ကွဲဖြစ်သူနှင့်တွေ့ခဲ့ပြီး ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခြင်းခံနေရသည်ဟု ယင်းက ပြောပြခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒဂုံဆိပ် ကမ်းမြို့နယ်ရဲစခန်းမှ (ပ) ၅၆/၁၄၊ ပြစ်မှု ပုဒ်မ ၃၇၂/၃၄၁/၁၁၄ ဖြင့် ဖေဖော်ဝါရီ ၁၈ ရက်တွင်အမှုဖွင့်ပြီး တရားခံများ ဖမ်း ဆီးရမိရေးအတွက် စုံစမ်းလျက်ရှိသည်။

0 comments:

Post a Comment