25.2.14

"ပရိသတ်ကြိုက် နှစ်သက်ခဲ့တဲ့ သီချင်းတွေ ကိုပြန်လည် စုစည်းပြီး အခွေထုတ်မယ့် မေဆွိ"



အဆိုတော် မေဆွိက သူ့ရဲ့ အနုပညာနဲ့ နောက်ပိုင်းတွေမှာ လူမှုရေး လုပ်ငန်းတွေ၊ လူမှုဖျော်ဖြေပွဲ အတွက်လည်း အမြဲတမ်း ပါဝင် ကူညီဆောင် ရွက်လေ့ ရှိပါတယ်။ မြန်မာနိုင်ငံ အတွက် ပြောင်းလဲနေတဲ့ အချိန်မှာ ပညာပေးဖို့ လိုအပ်တယ် လို့ဆိုတဲ့ မေဆွိက
"ကိုယ်ဖြူဖြူစင်စင် နဲ့လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ကိုယ့် အတွက် ပါမှာပဲလေ။ အဲဒါကြောင့် အဲဒီအတွက်တွေ လုပ်ဖြစ်တယ်။ ဟိုနိုင်ငံမှာ ရှိနေတယ် ဆိုရင်လည်း လူမှုရေး အတွက်ဖြစ်တဲ့ ကျောင်းဆောက်တာ မျိုးတို့၊ နာဂစ်ဖြစ်တုန်း ကလည်း ပိုက်ဆံ ကူဖို့ အတွက်ကို ပွဲလုပ်တာ မျိုးတို့ ဒါမျိုး တွေအတွက်ကို ဘယ်တော့မှ မဆိုင်းမတွ ဘဲနဲ့ ကျွန်မတို့ရဲ့ အနုပညာကြေးကို ပြောနေတာ မဟုတ်ဘဲ အမြဲတမ်း လုပ်ပေးခဲ့တယ်။ ဒီနိုင်ငံမှာလည်း ပြန်ရောက် တဲ့အချိန်က စက်တင်ဘာ ဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာမှာ မငယ်နဲ့ လုပ်တဲ့ ပွဲဆိုရင် သူမ တည်ထားတဲ့ မိဘမဲ့ ကလေးတွေရဲ့ စာသင် ကျောင်း အတွက်ကို ပံ့ပိုးဖို့အတွက် လုပ်တယ်။ 


ကျွန်မ တစ်ထောင့် တစ်နေရာကနေ ပါဝင် အားဖြည့် ပြီး ကုသိုလ် ယူတာပဲပေါ့။ အဲဒါမျိုးတွေ လုပ်ရတာကို ပိုသဘောကျတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်ကို ပေးပြီး တော့ သူများအတွက် လုပ်ပေးရတာ မျိုးကို စဉ်းစားမိတယ်။ တို့နိုင်ငံအတွက် က ပြောင်းလဲနေတဲ့ အချိန်မှာ လူတွေကို အများကြီး ပညာပေးဖို့လိုတယ်။ ကလေးတွေ အတွက် ပဲဖြစ်ဖြစ်၊ လူကြီးတွေ အတွက် ပဲဖြစ်ဖြစ်၊ မိခင်တွေ အတွက်ပဲဖြစ်ဖြစ် အဲဒီအတွက် ကိုယ့် ရဲ့ပြင်ပ အတွေ့ အကြုံတွေကို နှိုင်းယှဉ်ပြီး ပြောစရာတွေ ရှိလာမယ်။ တစ်ထောင့် တစ်နေရာကနေ တာဝန် ယူရမယ် ဆိုရင်လည်း ကျွန်မအနေနဲ့ မဆိုင်းမတွ လုပ်ပေးဖို့ လည်း အစီအစဉ် ရှိပါတယ်။ ကိုပြေတီဦး လုပ်တဲ့ ပညာရေး ဖောင်ဒေးရှင်း ကိုလည်း ကျွန်မ ကူပေးချင်ပါတယ်။ ဒါပေမဲ့ အချိန် တအားကျပ် သွားတော့ သူ ၂၈ ရက်နေ့ လုပ်မယ့် ပွဲမှာ မဆိုဖြစ်လိုက်ဘူး။ အဲဒီအတွက် စိတ်လည်း မကောင်းဘူး။ ကျွန်မ အနေနဲ့ လုပ်သင့်တာပါ။ ခရီးသွားရမယ့် ကိစ္စတွေ နဲ့ကျပ်နေလို့ ငြင်းလိုက် ရတယ်။ ဒါပေမဲ့ ကျွန်မ ဒီမှာပြန် ပြီးနေဖြစ်တဲ့ အချိန်မှာ တစ်ချိန်မဟုတ် တစ်ချိန်တော့ ကြုံဖြစ်မှာပါ" လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ အချိန်ရရင်ရ သလို တေးစီးရီးခွေ ထုတ် ဖို့လည်း စိတ်ကူး ထားကြောင်း မေဆွိကပြောပါတယ်။

"စီးရီးခွေ ထုတ်ဖို့ စိတ်ကူးထား တာလည်း ရှိပါတယ်။ တချို့ရန်ကုန်က ပရိသတ်တွေတင် မဟုတ်ဘဲ နယ် ကပရိသတ်တွေ ကျတော့ အရင်တုန်းက ကျွန်မ ဆိုထား တဲ့ မြန်မာ သံသီချင်း တွေထဲကနေ တအား ကောင်းတဲ့ သီချင်းတွေကို သူတို့ပြန် နားထောင်ချင် ကြတယ်။ အရင်တုန်းက ကက် ဆက်ခွေ နဲ့ထွက်တာ မျိုးတွေဖြစ်တဲ့ အ တွက်ကြောင့် ဒါမျိုးတွေ သူတို့က လက်လှမ်း မမီကြ တော့ဘူးလေ။ ကွာလတီ ကောင်း ကောင်းနဲ့ ပြန်နားထောင်ချင်တယ်၊ ပြန်ဆိုပါဦး ဆိုတော့ အဲဒီ သီချင်းတွေ ကိုရွေးပြီး အခွေ ထုတ်ဖို့ အစီအစဉ်ရှိ တယ်။ အချိန်တော့ ပေးရမယ်။ ကြိုပြီးစီစဉ်ရမှာပေါ့"လို့ ပြောပါတယ်။ ဘယ်နေရာမှာပဲ နေနေ အမြဲတမ်း ဝမ်းပန်း တသာနဲ့ ကြိုဆိုနေ တဲ့ ပရိသတ်တွေကို ကျေးဇူး တင်မိကြောင်း မေဆွိက ပြောပါတယ်။

ခိုင်ဝေလွင်

0 comments:

Post a Comment