25.2.14

(၁၀)တန်းကျောင်းသူ(၂)ဦး ပျောက်ဆုံးနေ



========================

ကလေးမြို့၊ အထက(၁)တွင် တက်ရောက်နေသော ပြင်ပဘော်ဒါဆောင်နေ
(၁၀)တန်းကျောင်းသူနှစ်ဦးပျောက်ဆုံးနေပါတယ်။


တစ်ဦးက
မယဉ်ယဉ်ထွန်း
ရွှေအုန်းပင် ဘော်ဒါမှ ဖြစ်ပါတယ်။
အသက်(၁၅/၁၆)နှစ်ခန့်ပါ။
မိဘ - ဦးထွန်းဇော်လင်း+ဒေါ်အေးကြူ
နေရပ်- မင်္ဂလာဥယျာဉ်ရပ်ကွက်၊ကလေးမြို့။
ဖုန်း- ၀၉ ၃၃၅၆၇၁၉၁။

နောက်တစ်ဦးကတော့

မမြသီတာ
(ရွှေအုန်းပင်ဘော်ဒါဆောင်)
အသက်( ၁၅/၁၆)နှစ်။
မိဘ - ဦးစံရွှန်းဒေါ်မြသန်း
ရတနာမဉ္ဖူလမ်း၊ မင်္ဂလာဥယျာဉ်ရပ်ကွက်၊ ကလေးမြို့။

(၂၄.၂.၂၀၁၄)ရက်၊ နေ့လည်(၁း၀၀)နာရီမှာ အဆောင်တွေကနေ
ထွက်သွားကြတယ်လို့ သိရပါတယ်။နှစ်ယောက်စလုံးက အတူသွား အတူလာ အတန်းဖော်သူငယ်ချင်းတွေဖြစ်တယ်

ညနေ(၄း၀၀)နာရီထိုးလို့ ပြန်မလာကြလို့ မိဘအိမ်တွေကို လိုက်မေးကြမှ
ကလေးတွေက အိမ်ကိုလည်း မလာကြမှန်းသိကြရတယ်လို့ပြောပါတယ်။

ညနေ(၅)နာရီလောက်မှာ ၀၉ ၂၅၆၁၂၆၄၃၄ ဖုန်းနဲ့ မယဉ်ယဉ်ထွန်းက
ဖခင်ဖြစ်သူထံဖုန်းဆက်သေးတယ်လို့ သိရပါတယ်။

အဲဒီဖုန်းကို ပြန်ဆက်တော့လည်း ဖုန်းကိုင်သူက သူ့ကိုယ်သူ့
အာကာလို့ပြောလိုက်၊ အောင်ဇော်ဦးလို့ ဖြေလိုက်၊ မုံရွာမှာလိုလို၊ တောင်ပေါ်မှာလိုလို ဖြေနေတယ်လို့ မယဉ်ယဉ်ထွန်းရဲ့အဖေက
ပြောပြပါတယ်။

နောက်ထပ် မယဉ်ယဉ်ထွန်းရဲ့ ကျောင်းမှတ်စုစာအုပ်မှာ ၀၉ ၃၃၀၀၂၇၆၅ ဖုန်းနံပါတ်ကို တွေ့ရပြီး လွန်ခဲ့တဲ့နှစ်ရက်လောက်က မယဉ်ယဉ်ထွန်း က
အဲဒီဖုန်းနဲ့ သူ့အဖေဆီကို ဖုန်းဆက်သေးတယ်လို့ သိရပါတယ်။
အခု ၃၃၀၀၂၇၆၅ ကို လူကုန်တားမှ ကိုဝင်းကိုမြတ်က ဖုန်းဆက်တော့
ကလေးမြို့၊ ၂၂၈ လမ်းမှာလိုလို၊ တောင်ပေါ်ရောက်နေတယ်ဆိုသလိုလို
ပြန်ဖြေပြီး ဖုန်းပိတ်ထားတယ်လို့ သိရပါတယ်။

ရဲစခန်းကိုလည်း (၂)ဦးစလုံးကို လူပျောက်တိုင်ထားပြီးပါပြီ။
လူကုန်ကူးတားဆီးရေးက ကိုဝင်းကိုမြတ်ကလည်း လိုက်လံ
စုံစမ်းကြိုးစားနေပါတယ်။

ကျောင်းသူ(၂)ဦးရဲ့ မိဘများ ခေါင်းမီးတောက် ပူဆွေးနေကြပါပြီ။
မိဘချင်း၊ မောင်နှမချင်း ကိုယ်ချင်းစာပြီး ၀ိုင်းဝန်း ရှာဖွေပေးနေကြပါတယ်။
တွေ့မြင်သူများ ၊ ဆက်စပ်သူများ တတ်စွမ်းသမျှ ကူညီရှာဖွေပေးကြပါရန်
အထူးမေတ္တာရပ်ခံပါတယ်။

ကျော်သူစိုး(ကလေးမြို့)

Ref: ကလေးမြို့ မီဒီယာ

0 comments:

Post a Comment