25.2.14

တိမ်ကောနေသော ပဲခူး-စစ်တောင်း တူးမြောင်းကြီး အဆင့်မြှင့်တင်တူးဖော်


25-2-2014

ပဲခူး-စစ်တောင်းတူးမြောင်းကြီး မှာ မိမိတို့ဘိုးဘွားများကိုယ်တိုင် အပင်ပန်းခံကာ တည်ဆောက်ခဲ့ သော တူးမြောင်းကြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေရရှိသည့်အပြင် စိုက်ပျိုး မြေများအား ရေကြီးနစ်မြုပ်မှုကို လည်းကာကွယ်ပေးနေသည့်အတွက် အလွန်အကျိုးပြုလျက်ရှိသည်ဟု သိရှိရပါကြောင်း၊ ယခုအခါ တိမ် ကောနေသည့် တူးမြောင်းကြီးအား
ပြန်လည်အဆင့်မြှင့်တင်တူးဖော် ပေးရန် ပြည်သူများ၏တောင်းဆို မှုအရ ယခုကဲ့သို့နိုင်ငံ့ဘဏ္ဍာငွေ ဖြင့်တူးဖော်ပေးခြင်းဖြစ်ပါကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတဦးသိန်းစိန် က ယခုလ ၂၃ ရက် နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် မြစ်ကျိုးကျေးရွာအုပ်စု လေးအိမ်စုကျေးရွာ အနီးတွင် ကျင်းပသည့် ပဲခူး-စစ်တောင်း တူးမြောင်းအဆင့် မြှင့်တင်ပြုပြင် တူးဖော်ခြင်းလုပ်ငန်း စတင်ဆောင် ရွက်ခြင်းအခမ်းအနား၌ ပြောကြား ခဲ့သည်။


အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊တပ်မတော်အရာရှိကြီး များ၊ဒုတိယဝန်ကြီးများ၊လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(ှဲုဃဗ)မှ ဌာနေအကြီး အကဲနှင့် တာဝန်ရှိသူများ၊ ပဲခူး တိုင်းဒေသကြီး ဝေါမြို့နယ်အတွင်း ရှိ ကျေးရွာများမှ လူမှုရေးအသင်း အဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများ၊ ဖိတ်ကြားထားသူများတက်ရောက် ကြသည်။

မိမိတို့အနေဖြင့် အဆင့်မြှင့်တင် တူးဖော်ခြင်းလုပ်ငန်းအား လာမည့် မိုးမကျမီ ပြီးစီးအောင်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ပဲခူးတိုင်းဒေသ ကြီးသည် စိုက်ပျိုးရေးကိုအခြေခံ သည့်ဒေသကြီးဖြစ်ပြီး စပါးနှင့် ပဲ သီးနှံထုတ်လုပ်မှုအနေဖြင့်ဧရာဝတီ တိုင်းဒေသကြီးပြီးလျှင် အားထား ရသည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ သို့သော်ဝေါနှင့် သနပ်ပင်မြို့နယ် များတွင်မူ မိုးရာသီတွင် ရေကြီး နစ်မြုပ်မှုဒဏ်ကို ခံစားနေရသဖြင့် တစ်နှစ်လျှင်ပဲတစ်သီးကိုပင်အနိုင်နိုင် စိုက်ပျိုးနေရပါကြောင်း။

တူးမြောင်းကြီးအဆင့်မြှင့်တင် ဖောက်လုပ်ပြီးပါက ရေကြီးနစ်မြုပ် မှုမှ အထိုက်အလျောက်ကာကွယ် နိုင်မည်ဖြစ်ပြီး ရေဝပ်ဧရိယာများရှိ ရေများကိုလည်း လျင်မြန်စွာဖယ် ထုတ်နိုင်မည်ဖြစ်ရာဒေသခံတောင် သူများအနေဖြင့် မိုးစပါးနှင့်ပဲကို စိုက်ပျိုးလာနိုင်တော့မည် ဖြစ်ပါ ကြောင်း၊ထို့ပြင်
တူးမြောင်းမှရသည့် စိုက်ပျိုးရေဖြင့် နွေစပါးကိုပါတိုးချဲ့ စိုက်ပျိုးပါကယခင်တစ်နှစ်တစ်သီး သာစိုက်နိုင်ရာမှ တစ်နှစ်သုံးသီး စိုက်ပျိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသခံတောင်သူများ၏ ဝင်ငွေသုံးဆတိုးတက်ပြီး လူမှု စီးပွားဘဝကိုလည်း ဖွံ့ဖြိုးလာစေ သဖြင့် နိုင်ငံတော်ကဆောင်ရွက် နေသည့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့်ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း စဉ်ကိုလည်း အကောင်အထည် ဖော်ရာရောက်ပါကြောင်း၊သို့ဖြစ်၍ တူးမြောင်းကြီးအဆင့်မြှင့်တင် တူး ဖော်ခြင်းလုပ်ငန်းများတွင်
ဒေသခံ ပြည်သူများကလည်းပါဝင်ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပါကြောင်းသမ္မတကပြောကြားသည်။

ဆက်လက်၍နိုင်ငံတော်သမ္မတ သည် အခမ်းအနားသို့တက်ရောက် လာကြသူများအားရင်းနှီးခင်မင်စွာ လိုက်လံနှုတ်ဆက်ပြီးပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်၊ ဦးစိုးသိန်း နှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ က မတ် ၂ရက်တွင်ကျရောက်မည့် တောင်သူလယ်သမားနေ့ကိုဂုဏ်ပြု သောအားဖြင့် ပဲခူး-စစ်တောင်း တူးမြောင်းအဆင့်မြှင့်တင် တူးဖော် ခြင်းလုပ်ငန်း စတင်ဆောင်ရွက် ခြင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။

နိုင်ငံတော်သမ္မတက လုပ်ငန်း စတင်ဆောင်ရွက်ခြင်းအထိမ်းအမှတ် ကမ္ပည်းကျောက်စာတိုင်ကို စက် ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တူးမြောင်း အဆင့်မြှင့်တင် တူးဖော်နေမှုနှင့် မြစ်ကျိုးကျေးရွာအနီးရှိ ရေသွင်း တံခါးနှင့် လှေဝင်ထွက်တံခါးများ ကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက်စီမံကိန်းရှင်းလင်းဆောင် ၌ ဆည်မြောင်းဦးစီးဌာန
ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယ ဝန်ကြီးဦးခင် ဇော်၊ ပြည်ထောင်စု
ဝန်ကြီးများနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က တူးမြောင်းအဆင့် မြှင့်တင်တူးဖော် မည့်လုပ်ငန်းအစီအစဉ်၊ ပဲခူးတိုင်း ဒေသကြီးအတွင်း ဆည်တာတမံ များ တည်ဆောက်ထားမှု၊ ပဲခူးမြစ် နှင့် စစ်တောင်းမြစ်ရေစီးဆင်းမှု အခြေအနေတို့ကိုရှင်းလင်းတင်ပြ ကြရာ နိုင်ငံတော်သမ္မတက တိုင်း ဒေသကြီးအတွင်းရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး၊ ဒေသခံပြည်သူ များ စိုက်ပျိုးရေလုံလောက်စွာရရှိ ပြီး တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေး အတွက်စနစ်တကျစီမံဆောင်ရွက် ရန်မှာကြားကာ ပဲခူး-စစ်တောင်း တူးမြောင်းတစ်လျှောက် ရဟတ် ယာဉ်ဖြင့်လှည့်လည်ကြည့်ရှုခဲ့သည်။

0 comments:

Post a Comment