24.2.14

“ဖေဖော်ဝါရီ(၂၄)ရက်နေ့တွင် နတ်ကျွန်းစေတီတော်မြတ်ကြီး ထီးတော်တင်ပွဲ ကျင်းပမည်”


မလိခ မြစ်လယ်ရှိ နတ်ကျွန်းစေတီ ထီးတော်တင်ပွဲ တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်
https://new.livestream.com/accounts/7260442/events/2783153

ထူးဖောင်ဒေးရှင်း နာယက ဦးတေဇက ကြီးမှူးပြီး မဒွယ်တောင် ရဟတ်ယာဉ် မတော်တဆမှုတွင် ပါဝင်သော အဖွဲ့ဝင် (၆)ဦးမှ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်၊ အင်လွယ်ရံ ကျေးရွာအနီး မလိခမြစ်လယ်တွင် တည်ထားသည့် နတ်ကျွန်းစေတီတော်၏ ထီးတော်တင်ပွဲနှင့် ဗုဒ္ဓဘိသေက မင်္ဂလာ အခမ်းအနားကို ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။


ဖေဖော်ဝါရီလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် ပူတာအိုမြို့အတွင်း ထီးတော် လှည့်လည်အပူဇော်ခံမည်ဖြစ်ပြီး ဖေဖော်ဝါရီလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် နတ်ကျွန်းစေတီ၌ ထီးတော်တင်ပွဲ ကျင်းပမည်ဖြစ်သည်။ ညပိုင်းတွင် ပူတာမြို့ ဘောလုံးကွင်း၌ ထီးတော်တင်ပွဲ အခမ်းအနား အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် နာမည်ကျော် Iron Corss တေးဂီတအဖွဲ့က ဖျော်ဖြေမည်ဖြစ်ပြီး ထိုအခမ်းအနားတွင် ပူတာအိုဒေသခံ တိုင်းရင်းသားများကလည်း မိမိတို့၏ ရိုးရာအကများ၊ ရိုးရာသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့က ထူးဖောင်ဒေးရှင်း နာယက ဦးတေဇ အပါအ၀င် အဖွဲ့ဝင် (၆)ဦးသည် ခရီးသွားလုပ်ငန်းအတွက် ရေခဲတောင်များကို သွားရောက် ကြည့်ရှုစဉ် မဒွယ်တောင်တွင် ရဟတ်ယာဉ် မတော်တဆမှု ကြုံတွေ့ခဲ့ကြသည်။ (၃)ညအိပ် (၄)ရက် ကာလအတွင်း အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းပြီးနောက် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့တွင် သေမင်းခံတွင်းမှ ပြန်လည် လွတ်မြောက်ခဲ့သည်။

ထိုကာလအတွင်း ကယ်ဆယ်ရေး လုပ်ငန်းများကို ကူညီ ဆောင်ရွက် ပေးခဲ့ကြသော သူများအားလုံး၊ ကျေးဇူးရှင် မိဘများနှင့် မိဘကဲ့သို့ ချစ်ခင်လေးစားရပါသော လူကြီးများနှင့် ထူးကုမ္ပဏီများအုပ်စု မိသားစုဝင်များအား ရဟတ်ယာဉ် မတော်တဆမှုတွင် ပါဝင်သော အဖွဲ့ဝင် (၆)ဦးမှ ကျေးဇူးဆပ်သော အနေဖြင့် နတ်ကျွန်းစေတီကို တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ထူးဖောင်ဒေးရှင်း နာယက ဦးတေဇက ကြီးမှူးပြီး မဒွယ်တောင် ရဟတ်ယာဉ် မတော်တဆမှုတွင် ပါဝင်သော အဖွဲ့ဝင် (၆)ဦးမှ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်၊ အင်လွယ်ရံ ကျေးရွာအနီး မလိခမြစ်လယ်တွင် တည်ထားသည့် နတ်ကျွန်းစေတီတော်၏ ထီးတော်တင်ပွဲနှင့် ဗုဒ္ဓဘိသေက မင်္ဂလာ အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် Sky Net ရုပ်သံလိုင်းများဖြစ်သော တိုင်းရင်းသားချယ်နယ်နင့် MN ချယ်နယ်များမှနေ၍ တိုက်ရိုက် ထုတ်လွှင့်နေပါသည်။
မလိခ မြစ်လယ်ရှိ နတ်ကျွန်းစေတီ ထီးတော်တင်ပွဲ တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်
https://new.livestream.com/accounts/7260442/events/2783153

Htoo Foundation

0 comments:

Post a Comment