24.2.14

ဖွဲ့စည်းပုံပြင်ဖို့ ပြင်ဆင်ရမယ့်ပုဒ်မကို အရင်ဆုံးစပြင်ဖို့ ဆန္ဒပြသူ တစ်ထောင်ကျော် တောင်းဆို



၂၄.၂.၂၀၁၄၊ တနင်္လာနေ့

ဖွဲ့စည်းပုံပြင်ဆင်ခြင်း အခန်း ၁၂မှာပါတဲ့ ပုဒ်မ ၄၃၆ဟာ ဖွဲ့စည်းပုံမပြင် ဆင်နိုင်အောင် စစ်တပ်က အပိုင်စီးထားတဲ့သဘောဖြစ်နေတာကြောင့် အဲဒီပုဒ်မကနေ စပြင်ရမယ်လို့ ရန်ကုန်မြို့မှာ လှုပ်ရှား တက်ကြွသူ တစ်ထောင်ကျော်ပါဝင်တဲ့ ဆန္ဒပြပွဲမှာ တောင်းဆိုလိုက်ပါပြီ။


နိုင်ငံရေး လှုပ်ရှားတက်ကြွသူတွေတွေ အဓိကဦးဆောင်တဲ့ ပုဒ်မ ၄၃၆ကို အရင်ဆုံးပြင်ဆင်ရေးအတွက် ကျောက်မြောင်းဈေးကနေစပြီး လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေအောင် တားဆီးထားတဲ့ ပုဒ်မ ၅၉ (ဃ)နဲ့(စ)ကိုလည်း ပြင်ဆင်ရမယ် ကြွေးကြော် ခဲ့ကြပါတယ်။

ပြည်သူကို ဗဟိုပြုတဲ့နည်းနဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးဖို့၊ တိုင်းရင်းသားပြည်သူတွေအားလုံးကို ကိုယ်စားပြုတဲ့ ဖွဲ့စည်းပုံရေးဆွဲနိုင်ဖို့ တောင်းဆိုခဲ့ကြပြီး အခုလို ဆန္ဒပြရတာဟာလည်း အာဏာရပါတီရဲ့ ရွေးကောက်ပွဲကတိ မတည်တာကြောင့်လို့ NLD ပါတီဝင်တစ်ယောက်က ဆိုပါတယ်။

ဆန္ဒပြလမ်းလျှောက်မှုအပြီးမှာတော့ ၈၈မျိုးဆက်က ကိုပြုံးချို၊ Generation Wave က ကိုမိုဃ်းသွေး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကိုဗသက်အောင်နဲ့ ဒီမိုကရေစီအင်အားစုက ဦးဇော်ဝင်းတို့က ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောခဲ့ကြပါတယ်။

0 comments:

Post a Comment