4.5.15

ငလျင်ဒဏ် ခံစားခဲ့ရသော နီပေါနိုင်ငံအတွက် tool တစ်ခုကို Google ဖန်တီး


Google သည် ငလျင်ဒဏ် ခံစားခဲ့ရသော နီပေါနိုင်ငံအတွက် လူရှာဖွေသည့် tool တစ်ခုဖန်တီး ပေးခဲ့ကြောင်း APAC ဘလော့က ဖော်ပြခဲ့သည်။


အဆိုပါ tool တွင် ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် text ပေးပို့ခြင်းအပြင် ဝက်ဘ်မှတစ်ဆင့် ရှာဖွေမှုများ မပြုလုပ်နိုင်သည့် လူများအချင်းချင်း ရှာဖွေမှု ပြုလုပ်ရန် အင်္ဂလိပ်၊ နီပေါ၊ ဟင်ဒီ၊ တရုတ်နှင့် ဂျပန်ဘာသာတို့ဖြင့် ထောက်ပံ့ပေးထားသည်။ ၎င်း tool အသုံးပြုခသည် Googl ၏ Voice call ခေါ်ဆိုမှုထက် ဈေးနှုန်းသက်သာပြီး မိသားစုများ နီပေါသို့ လွယ်ကူစွာ ဆက်သွယ်နိုင်ရန် တစ်မိနစ်လျှင် ကန်ဒေါ်လာ ၁ ဆင့်မှ ၁၉ ဆင့်သာ ကျသင့်မည်ဖြစ်သည်။ ထို့အပြင်အဆိုပါ tool သည် မိုးတိမ်ထူထပ်သော နေရာများတွင်လည်း ကယ်ဆယ်ရေး အကူအညီများ ရောက်ရှိလာစေရန် ဂြိုဟ်တု ဓာတ်ပုံများကိုလည်း ရယူနိုင်ကြောင်း Google က ပြောကြားခဲ့သည်။

Google သည် ငလျင်ဒဏ်နှင့် ပတ်သက်သည့် သတင်းများကို လူများသိရှိစေရန် ၎င်း၏ ဝက်ဘ်ဆိုက်တွင် Nepal နှင့် help keyword များပါဝင်သည့် နိုင်ငံတကာ၏ ရှာဖွေမှုများကို ရုပ်ပုံလှုပ်ရှားမှုများဖြင့် ဖော်ပြပေးလျက် ရှိကြောင်း သိရသည်။

Ref: TechInAsia
Credit to >>> Internet Journal

0 comments:

Post a Comment