12.5.15

ဆရာကြီးဦးသန်းဦးအား ဟာဝိုင်အီတက္ကသိုလ်က လူမှုအကျိုးပြုဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ပေးအပ်

မြန်မာ့ပညာရေးလော ကတွင် ထင်ရှားသည့် အသက် (၈၈)နှစ်အရွယ် ဆရာကြီး ဦးသန်း ဦးသည် အမေရိကန်နိုင်ငံ ဟာဝိုင် အီတက္ကသိုလ်က ပေးအပ်သော လူမှုအကျိုးပြုဂုဏ်ထူးဆောင်စာ ပေပါရဂူဘွဲ့ကို မေလ ၁၆ ရက် တွင် ကိုယ်တိုင်သွားရောက်လက် ခံရယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဆရာကြီး ဦးသန်းဦးသည် အမေရိကန်နိုင်ငံ ဟာဝိုင်အီတက္ကသိုလ် (University of Hawaii) တွင် ၁၉၆၃ က မဟာပညာရေးဘွဲ့ ရရှိ ခဲ့ပြီး ယခုအခါ ဟာဝိုင်အီတက္ကသိုလ်၏ အမြင့်ဆုံးဘွဲ့တစ်ခုဖြစ်သည့် လူမှုအကျိုးပြု ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ကို (Hon-orary Doctorate of Humane Letters)ကို ထပ်မံရရှိခြင်းဖြစ်သည်။
‘‘မြန်မာနိုင်ငံ ပညာရေးကို တစိုက်မတ်မတ် လှုပ်ရှားဆောင် ရွက်ခဲ့တဲ့အတွက် အမြင့်ဆုံးဘွဲ့ အနေနဲ့ ပေးအပ်ချီးမြှင့်တာလို့ ဟာဝိုင်အီတက္ကသိုလ်ရဲ့ အဓိပတိ က ပေးပို့တဲ့စာမှာပါပါတယ်’’ဟု ဆရာကြီးဦးသန်းဦးက ပြော သည်။
အမေရိကန်နိုင်ငံ ဟာဝိုင်အီ တက္ကသိုလ်သည် လူမှုရေးကဏ္ဍ ဆောင်ရွက်ရာတွင် ထင်ရှားကျော်ကြားသူများအား ပေးအပ်သည့် လူမှုအကျိုးပြု ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို ၁၉၁၉ တွင် စတင်ပေးအပ်ခဲ့ပြီး ၂၀၁၅ တွင် ၁၆၄ ဦးမြောက်အဖြစ် ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှ ဆရာကြီး ဦးသန်းဦးအား ပေးအပ်ချီးမြှင့် လိုက်ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံ ဟာဝိုင်အီ တက္ကသိုလ်၌ မေလ ၁၆ ရက်တွင် ပြုလုပ်မည့် (၁၀၄) ကြိမ်မြောက် ဘွဲ့ နှင်းသဘင်အခမ်းအနား၌ ဆရာကြီး ဦးသန်းဦးအား လူမှုအကျိုးပြု ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ (Honorary Doctorate of Hu-mane Letters) ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး အဆိုပါဘွဲ့နှင်းသဘင်သို့ တက်ရောက်ရန် မေလ ၁၄ရက်တွင် မြန်မာနိုင်ငံမှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း ဆရာကြီးဦးသန်းဦးကပြောသည်။
ဆရာကြီး ဦးသန်းဦးသည် ပုတီးကုန်းမြို့နှင့် အုတ်ဖိုမြို့တွင် အထက်တန်းကျောင်းအုပ်၊ ပုသိမ်မြို့ ဆရာအတတ်သင်ကျောင်း အုပ်၊ မြန်မာနိုင်ငံ ပညာရေးသု တေသနအဖွဲ့ဥက္ကဋ္ဌ၊ အခြေခံပညာဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး အငြိမ်းစားယူပြီးနောက် မြန် မာနိုင်ငံ ၀ိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပင်မ ဌာန ဥက္ကဋ္ဌနှင့် ပညာ့တန်ဆောင် အဖွဲ့ဥက္ကဋ္ဌ၊ အစိုးရ၏ ပညာရှင် အကြံပေးအဖွဲ့တွင် နာယက (၁) အဖြစ် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည်။
၎င်းအား ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Doctor of Lett-ers (Honoris Causa)ကို ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ၌ ဇန်န၀ါရီ ၈ ရက်တွင် ဂုဏ်ထူးဆောင် အထူးဘွဲ့နှင်းသဘင် အခမ်းအနားဖြင့် ပေးအပ်ချီးမြှင့်ခဲ့ သည်။မြန်မာ့ပညာရေးလော ကတွင် ထင်ရှားသည့် အသက် (၈၈)နှစ်အရွယ် ဆရာကြီး ဦးသန်း ဦးသည် အမေရိကန်နိုင်ငံ ဟာဝိုင် အီတက္ကသိုလ်က ပေးအပ်သော လူမှုအကျိုးပြုဂုဏ်ထူးဆောင်စာ ပေပါရဂူဘွဲ့ကို မေလ ၁၆ ရက် တွင် ကိုယ်တိုင်သွားရောက်လက် ခံရယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဆရာကြီး ဦးသန်းဦးသည် အမေရိကန်နိုင်ငံ ဟာဝိုင်အီတက္ကသိုလ် (University of Hawaii) တွင် ၁၉၆၃ က မဟာပညာရေးဘွဲ့ ရရှိ ခဲ့ပြီး ယခုအခါ ဟာဝိုင်အီတက္ကသိုလ်၏ အမြင့်ဆုံးဘွဲ့တစ်ခုဖြစ်သည့် လူမှုအကျိုးပြု ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ကို (Hon-orary Doctorate of Humane Letters)ကို ထပ်မံရရှိခြင်းဖြစ်သည်။

‘‘မြန်မာနိုင်ငံ ပညာရေးကို တစိုက်မတ်မတ် လှုပ်ရှားဆောင် ရွက်ခဲ့တဲ့အတွက် အမြင့်ဆုံးဘွဲ့ အနေနဲ့ ပေးအပ်ချီးမြှင့်တာလို့ ဟာဝိုင်အီတက္ကသိုလ်ရဲ့ အဓိပတိ က ပေးပို့တဲ့စာမှာပါပါတယ်’’ဟု ဆရာကြီးဦးသန်းဦးက ပြော သည်။

အမေရိကန်နိုင်ငံ ဟာဝိုင်အီ တက္ကသိုလ်သည် လူမှုရေးကဏ္ဍ ဆောင်ရွက်ရာတွင် ထင်ရှားကျော်ကြားသူများအား ပေးအပ်သည့် လူမှုအကျိုးပြု ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို ၁၉၁၉ တွင် စတင်ပေးအပ်ခဲ့ပြီး ၂၀၁၅ တွင် ၁၆၄ ဦးမြောက်အဖြစ် ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှ ဆရာကြီး ဦးသန်းဦးအား ပေးအပ်ချီးမြှင့် လိုက်ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံ ဟာဝိုင်အီ တက္ကသိုလ်၌ မေလ ၁၆ ရက်တွင် ပြုလုပ်မည့် (၁၀၄) ကြိမ်မြောက် ဘွဲ့ နှင်းသဘင်အခမ်းအနား၌ ဆရာကြီး ဦးသန်းဦးအား လူမှုအကျိုးပြု ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ (Honorary Doctorate of Hu-mane Letters) ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး အဆိုပါဘွဲ့နှင်းသဘင်သို့ တက်ရောက်ရန် မေလ ၁၄ရက်တွင် မြန်မာနိုင်ငံမှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း ဆရာကြီးဦးသန်းဦးကပြောသည်။

ဆရာကြီး ဦးသန်းဦးသည် ပုတီးကုန်းမြို့နှင့် အုတ်ဖိုမြို့တွင် အထက်တန်းကျောင်းအုပ်၊ ပုသိမ်မြို့ ဆရာအတတ်သင်ကျောင်း အုပ်၊ မြန်မာနိုင်ငံ ပညာရေးသု တေသနအဖွဲ့ဥက္ကဋ္ဌ၊ အခြေခံပညာဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီး အငြိမ်းစားယူပြီးနောက် မြန် မာနိုင်ငံ ၀ိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပင်မ ဌာန ဥက္ကဋ္ဌနှင့် ပညာ့တန်ဆောင် အဖွဲ့ဥက္ကဋ္ဌ၊ အစိုးရ၏ ပညာရှင် အကြံပေးအဖွဲ့တွင် နာယက (၁) အဖြစ် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည်။

၎င်းအား ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ Doctor of Lett-ers (Honoris Causa)ကို ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ ၌ ဇန်န၀ါရီ ၈ ရက်တွင် ဂုဏ်ထူးဆောင် အထူးဘွဲ့နှင်းသဘင် အခမ်းအနားဖြင့် ပေးအပ်ချီးမြှင့်ခဲ့ သည်။
Credit to>>>7Day News

0 comments:

Post a Comment