12.5.15

မန်မာ ကျပ်ငွေ ဈေး နှုန်း ကျ ဆင်း ခြင်း နှင့်ပတ်သက်၍ ဗဟိုဘဏ်က စတင်အရေးယူ ဆောင်ရွက်ရန် စီစဉ် ….


 မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် မြန်မာကျပ်ငွေ ဈေးနှုန်း ကျဆင်းခြင်းအား အရေးယူ ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန် ဘဏ်ခွဲ၌ ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပရာ မြန် မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူများ၊ နိုင်ငံခြားသုံးငွေ ရောင်းဝယ် ကောင်တာ ဖွင့်ခွင့် လိုင်စင်ရ ပုဂ္ဂလိက ဘဏ်များမှ တာဝန်ရှိသူများ၊ ဘဏ်မဟုတ်သော ပုဂ္ဂလိက အဖွဲ့အစည်းများ ၏ ငွေလဲလှယ် ကောင်တာများမှ တာဝန်ရှိသူများ တက်ရောက်သည်။


မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် အမေရိကန် ဒေါ်လာအား ရောင်းဈေး၊ ဝယ်ဈေး သတ်မှတ်ရာတွင် သတ်မှတ်ထားသော ရည်ညွှန်းငွေ လဲလှယ်နှုန်း၏ (အပေါင်း သို့မဟုတ် အနုတ် သုည ဒသမ ၈ ရာခိုင်နှုန်း) အတွင်းသာ ရောင်းချရန် ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်ကောင်တာ ဖွင့်ခွင့် လိုင်စင်ရ ပုဂ္ဂလိက ဘဏ်များနှင့် ဘဏ်မဟုတ်သော ပုဂ္ဂလိက အဖွဲ့အစည်းများ၏ ငွေလဲကောင်တာ များအနေဖြင့် လိုက်နာဆောင်ရွက်မှု မရှိဘဲ ရောင်းချလိုသော ဈေးနှင့် ရောင်းချနေခြင်း အပေါ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အရေးယူ ဆောင်ရွက်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဌာနမှ တာဝန်ရှိသူ တစ်ဦးက သတိပေးပြောကြား ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် နိုင်ငံခြားငွေ လေလံဈေးကွက်မှ နိုင်ငံခြားငွေပို၍ ရောင်းပေးသွားမည်ဖြစ်ပြီး သတ်မှတ်ထားသော ဘောင်အတွင်း ရောင်းချခြင်း မရှိပါက ဖုန်း-ဝ၁- ၅၄၃၇၆၂ နှင့် ဝ၉- ၅၁၃၆၉၇၈ တို့သို့ တိုက်ရိုက် တိုင်ကြားနိုင်ကြောင်း သတင်းရရှိသည်။
Credit to>>>မြ၀တီ

0 comments:

Post a Comment