14.5.15

မြန်မာ့ပတ္တမြားကို ကမ္ဘာ့စံချိန်တင်ဈေး အမေရိကန်ဒေါ်လာသန်း ၃ဝ ဖြင့် ဂျီနီဗာတွင် လေလံတင်ရောင်းချခဲ့


၂၅ ဒသမ ၅၉ ကာရက်ရှိ ခို သွေး ပတ္တမြားကို ဂျီနီဗာတွင် မေ ၁၂ ရက်၌ လေလံတင်ရောင်းချရာ အမေရိကန်ဒေါ်လာ ၃ဝ ဒသမ ၃၃ သန်းရရှိရာ ¤င်းမှာ ကမ္ဘာတွင် စံချိန်တင် ဈေးရရှိခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရှားပါးသော ပန်းရောင်စိန် သည်လည်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉ သန်းရကြောင်း၊ ထို စိန်မှာ တစ်ခါက နပိုလီယန်၏တူ ပိုင်သည်ဆိုကြောငှ်းသအ့နဘပဒျ လေလံပစ်လုပ်ငန်းကဆိုသည်။


အဆိုပါပတ္တမြားကို Sunrise Ruby ဟု အမည်ပေးထားသည်။ ထိုပတ္တမြားမှာ မြန်မာနိုင်ငံမှထွက် သော ပတ္တမြားဖြစ်သည်။ Cartier ရတနာရောင်းဝယ်ရေးက လေလံ တင်ရောင်းချသော ပစ္စည်းများတွင် ထိုပတ္တမြားသည် တစ်ခုအပါအဝင် ဖြစ်သည်။

Cartier က ရောင်းချသည့် ပစ္စည်းများတွင် ထိုပတ္တမြားသည် စံချိန်တင်ဈေးရခြင်းဖြစ်သည်ဟု Sotheby's ကဆိုသည်။

ပန်းရောင်စိန်မှာလည်း အလွန် ရှားပါးသော စိန်ဖြစ်ကြောင်း၊ ၄င်း သည် ၈ ဒသမ ၇၂ ကာရက်ရှိ ကြောင်း၊ Magnificent Jewels နှင့် Nobel Jewels လေလံပွဲတွင် ရောင်း ချခြင်းဖြစ်ကြောင်း AFP က ဖော် ပြသည်။

မေ ၁၂ ရက်၌ပြုလုပ်သည့် လေလံတင်ရောင်းချပွဲတွင် Cartier ၏ နားတောင်းများကို မြန်မာနိုင်ငံ မှထွက်သည့် နီလာဖြင့် ပြုလုပ်ထား သည်ဟု သိရသည်။
Credit to>>>AFP

0 comments:

Post a Comment