20.8.13

မြန်မာနိုင်ငံကျောက်မျက်အသင်းချုပ်ဖွဲ့စည်းပြီးနောက်ပိုင်းဘာတွေဖြစ်လာသလဲ???



မြန်မာနိုင်ငံ၏ ကျောက်မျက်နှင့် ပုလဲများ ၊ လက်ဝတ်ရတနာများ ရောင်းချရမှုသမိုင်းသည်
တော်လှန်ရေး ကောင်စီလက်ထက်(၁၉၆၄) ခုနှစ်မှ စတင်ခဲ့သည်။ (၁၉၆၄) ပထမအကြိမ်မှ (၁၉၉၁)ခုနှစ် (၂၈) ကြိမ်အထိ (၁၉၇၃) ခုနှစ်တွင် ပြုလုပ်သော အထူးရောင်းချပွဲတစ်ခုမှ လွဲ၍ တစ်နှစ်လျှင် တစ်ကြိမ်သာ ရောင်းချခဲ့သည်။ နောက်ပိုင်းတွင် နှစ်လယ်ပြပွဲ အထူးရောင်းချပွဲများ
ပြုလုပ်ကာ ကျောက်စိမ်း ၊ ကျောက်မျက် ၊ ပုလဲ ၊ လက်ဝတ်ရတနာများ သာမက ရုပ်တု ရုပ်ထွင်းများ ပါ ခင်းကျင်းပြသ ရောင်းချခဲ့သည်။


 
မြန်မာနိုင်ငံတွင် (၁၉၆၄) ခုနှစ်မှ (၂၀၀၆) ခုနှစ်အထိ ကျောက်စိမ်းနှင့် ကျောက်မျက်ရတနာ ထုတ်လုပ်သူများအသင်း ဟူ၍မရှိခဲ့ပေ။ (၂၀၀၆) ခုနှစ် နှစ်လယ်ပြပွဲတွင် ထိုစဉ်က သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးက ကျောက်မျက်ရတနာနှင့် ပတ်သက်၍ ထုတ်လုပ်သူများအသင်း ရှိသင့်ကြောင်း တိုက်တွန်းချက် အရ (၂၀၀၇) ခုနှစ်တွင် MGJEA အသင်းချုပ် ပေါ်ပေါက်ခဲ့ပြီး ယာယီဖွဲ့စည်းချိန်ကာလ ၊ တရားဝင် အသင်း အဖွဲ့ ဖွဲ့စည်းခွင့်ကျပြီး ပထမသက်တမ်းကာလ၊ ဒုတိယသက်တမ်းနှင့် တတိယသက်တမ်း စုစုပေါင်း (၆)နှစ် တာ ကာလလုံး ဦးတေဇ (ဥက္ကဋ္ဌ ၊ Htoo Group of Companies) က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
ဦးတေဇ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်မှစ၍ ကျောက်မျက်ကုန်သည်များရှိရာ နိုင်ငံများသို့ သွားရောက်လေ့လာခြင်း၊ ဈေးကွက်ကျယ်ပြန့်လာအောင် စည်းရုံးခြင်း ၊ ဆွဲဆောင်မှုအသစ်များ ပေးခြင်း တို့ကို သက်ဆိုင်ရာသတ္တုတွင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ခဲ့ရာ ထို(၆)နှစ်တာ ကာလအတွင်း ကျောက်စိမ်းကျောက်မျက်၊ ပုလဲ၊ လက်ဝတ်ရတနာများ ရောင်းရငွေမှ ယူရို (၁၀၆.၅၈၉) ဘီလျံ ရောင်းချခဲ့ရသည်ဟုသိရှိရသည်။

ထူးခြားမှတ်တမ်းအဖြစ် - (၂၀၁၀) နှစ်လယ်ပြပွဲတွင် ယူရို (၁)ဘီလျံကျော်

- (၂၀၁၁) (၄၈)ကြိမ်မြောက် ကျောက်မျက်ရောင်းချပွဲတွင် ယူရို(၁.၇၅) ဘီလျံကျော်

- (၂၀၁၁) အထူးရောင်းချပွဲတွင် ယူရို(၁.၄၉)ဘီလျံကျော်နှင့် 

- (၂၀၁၃)ရွှေရတုကျောက်မျက်ရောင်းချပွဲတွင် ယူရို (၂.၄၁)ဘီလျံ ကျော်
ရောင်းချခဲ့ရကြောင်း တွေ့ရှိရသည်။

Credit to: Zin Yaw Minn

0 comments:

Post a Comment