20.8.13

မြွေဆိပ်ဖြေဆေး၊ ဆေးပဒေသာပင် အလှူငွေနှင့် စာအုပ် စာစောင်များ ပေးအပ် လှူဒါန်းပွဲ ကျင်းပ

သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆန်းဆင့်သည် ယမန်နေ့က ဧရာဝတီတိုင်း ဒေသကြီး ရေကြည် မြို့နယ် ရေကြည်ခန်းမနှင့် ကျုံပျော်မြို့နယ် ဧရာမင်းခန်းမတို့၌ ကျင်းပသည့် မြွေဆိပ်ဖြေဆေး၊ ကျန်းမာရေး စောင့် ရှောက်မှု ဆိုင်ရာ ဆေးရုံသုံး ပစ္စည်းများ၊ ဆေး

ပဒေသာပင်အလှူငွေနှင့် စာကြည့်တိုက် အတွက် စာအုပ်စာပေများ ပေးအပ် လှူဒါန်းပွဲ အခမ်းအနား၌ ဒေသခံ ပြည်သူများအား တွေ့ဆုံပြီး အလှူရှင်
များ နှင့်အတူ မြွေဆိပ်ဖြေဆေးများ၊ ဆေးပဒေသာပင် အလှူငွေနှင့် စာအုပ် စာစောင်များကို ပေးအပ်လှူ ဒါန်းကြသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးက အမှာစကား ပြောကြားရာတွင် မြွေဆိုး အန္တရာယ်သည် ဧရာဝတီတိုင်း ဒေသ ကြီး အပါအဝင် စပါးစိုက်ပျိုးသော တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌ အဖြစ်များကြောင်း၊ အဓိကမြွေ အန္တရာယ်ရှိ သည့်နိုင်ငံ များမှာ မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါနှင့် နယူးဂီနီ နိုင်ငံတို့ဖြစ်ပြီး ယနေ့မြွေဆိပ် ဖြေဆေး ပေးအပ် လှူဒါန်းခြင်းသည် ''အသက်ရှည်ရာ၊ အနာမဲ့ရေး၊ ရန်ဘေးကင်းကြောင်း၊ ကောင်းကျိုးချမ်းသာ အဖြာဖြာ'' ကို ရရှိနိုင်ပြီး သူတော်သူမြတ်၊ လူနတ်တကာတို့ သာဓုခေါ်ဆို အပ်သော အနှိုင်းမဲ့ မြတ်ဒါနပင် ဖြစ်ကြောင်းနှင့် ဘာသာ သာသနာ များကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည် ဆိုသည့် ပြဋ္ဌာန်းချက်အတိုင်း ဘာသာတိုင်းကို ကူညီစောင့်ရှောက်လျက် ရှိကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီ

0 comments:

Post a Comment