20.8.13

မုံရွာ ရွှေစည်းခုံဘုရားအဝင် မုခ်ဦးများတွင် CCTV ကင်မရာ တပ်ဆင်မည်

မုံရွာမြို့၊ ရုံးကြီး ရပ်ကွက်ရှိ အထင်ကရ သမိုင်းဝင် ရွှေစည်းခုံ စေတီတော်မြတ်ကြီး၏ အဝင်မုခ်ဦး အားလုံးတွင် လုံခြုံရေးအတွက် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်၍ CCTV ကင်မရာများ တပ်ဆင် သွားမည် ဖြစ်ကြောင်း ရွှေစည်းခုံ စေတီတော်မြ တ်ကြီး ဂေါပက အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။


“မနေ့က ဘုရား လုံခြုံရေးအတွက် ဂေါပကအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ပြီး ဒီနေ့ သြဂုတ်လ ၂၀ ရက်နေ့မှာ တပ်ဆင်မှာပါ။ ဘုရားမှာ အဝင်မုခ်ဦး လေးခုနဲ့ ဝင်ပေါက် တစ်ပေါက် ရှိပါတယ်။ အဲဒီနေရာတွေမှာ CCTV ကင်မရာ ငါးလုံး တပ်ဆင်သွားမှာပါ” ဟု ၎င်းက ဆိုသည်။

ရွှေစည်းခုံဘုရား ဆင်းတုတော် ထားရှိသည့် အာရုံခံ အဆောက်အအုံအတွင်း CCTV သုံးလုံးကို သြဂုတ်လ ၁၈ ရက်နေ့က ပြန်လည် တပ်ဆင် အသုံးပြု ထားပြီး၊ ယခုအခါ ဘုရားဝင်းအတွင်း ဝင်ထွက် သွားလာမှုများအား လုံခြုံရေး မှတ်တမ်းတင်နိုင်ရန်အတွက် CCTV ကင်မရာ ငါးလုံးကို ထပ်မံ တပ်ဆင် အသုံးပြုရခြင်း ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

မုံရွာ မြို့တွင်းတွင် ဆုတောင်းပြည့် စေတီတော်မြတ် ကြီးနှင့် ရွှေစည်းခုံ စေတီတော်မြတ် နှစ်ဆူမှာ မုံရွာမြို့၏ အထင်ကရ ဘုရားနှစ်ဆူ ဖြစ်ပြီး ရွှေစည်းခုံ စေတီတော်မြတ်ကြီးမှာ မြို့တွင်း နာရီစင် အနီးမှ သွားလာမှု လွယ်ကူသည့်အတွက် ဘုရားဖူး လာရောက်သူ ညစဉ် များပြားမှု ရှိကြောင်း မုံရွာဒေသခံများက ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment