20.8.13

Social Network သီးသန့်သုံး ကင်မရာ Q

Q လို့ပဲ အမည်ပေးထားတဲ့ ကင်မရာပါ။ ထူးခြားပါတယ်။ သူက Twitter, Facebook, Tumblr တို့ကို Click တစ်ချက်နှိပ်ရုံနဲ့ ဓာတ်ပုံကို အလို အလျောက်တင်ပေးတဲ့ စနစ်နဲ့ ထွက်ရှိလာတဲ့ ကင်မရာမို့လို့  ဖြစ်ပါ တယ်။


ဖန်သားမျက်နှာပြင် ၂.၇ လက်မ အရွယ် ပါဝင်ပြီး ကင်မရာက 5 Megapixel ထဲပါ။ သို့ပေမယ့် a 24mm wide-angle lens တစ်ခု၊ F2.4 aperture နဲ့ manual focus lens, pre-set capture modes တို့ ပါဝင်မှုကြောင့် သာမန် ဒစ်ဂျစ်တယ် ကင်မရာ တစ်လုံးကို စွမ်းဆောင်ရည် အသင့်တင့် ရှိမယ့် ကင်မရာ ဖြစ်ပါတယ်။ low-level ring flash အတွင်းမှာ ပါဝင်ပြီးသား ဖြစ်ပြီး night time shot, self-shot countdown timer အစရှိတဲ့ Feature များလည်း အသုံးပြု နိုင်ပါတယ်။

ရေစိုခံ ကင်မရာပါ။ ၃ ပေလောက်ထိ ရေဖိအား ခံနိုင်ပြီး Underwater shot ရိုက်နိုင်ပါသေးတယ်။ ပုံ ရိုက်ပြီးရင် Facebook, Twitter, Tumblr အစရှိတဲ့အထဲမှာ ဘယ် Social Network ပေါ်မှာ Share မလဲဆို တာပါ ရွေးချယ်လို့ ရပါတယ်။ ဒီတော့ အင်တနက်လိုင်း မဖြစ်မနေပါရှိရမယ့် ကင်မရာ ဖြစ်ပါတယ်။ Wi-Fi, Bluetooth တို့ ပါရှိပါတယ်။ internal မှာ 2GB memory ပါဝင်ပြီးသားဖြစ်ပြီး ကဒ် ထပ်ဆိုက်နိုင်သေးတဲ့ Q Digital Camera ကို အမေရိကန်ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ ရောင်းချကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)
TechSpace Journal

0 comments:

Post a Comment