20.8.13

ယူ-၂၃ အသင်းနှင့် လက်ရွေးစင် အသင်းကြီးတို့ စက်တင်ဘာ(၁)ရက်တွင် ခြေစမ်းမည်

မာဒေးကား ဖလားပြိုင်ပွဲနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်လျှက် ရှိနေသည့် ပဏာမ ယူ-၂၃ လက်ရွေးစင် အသင်းနှင့် ဟောင်ကောင် လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲအတွက် ပြင်ဆင်မည့် မြန်မာ့ လက်ရွေးစင် စီနီယာ အသင်းကြီးတို့သည် လာမည့် စက်တင်ဘာလ (၁)ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ခြေစမ်းပွဲ တစ်ရပ် ယှဉ်ပြိုင် ကစားမည် ဖြစ်ကြောင်း သိရသည်။


လက်ရွေးစင် (စီနီယာ) အသင်းသည် စက်တင်ဘာ (၆)ရက်တွင် ကစားမည့် ဟောင်ကောင် လက်ရွေးစင် အသင်းနှင့် နိုင်ငံတကာ ခြေစမ်းပွဲ အတွက် နည်းပြချုပ် ဦးဆန်းဝင်းက သြဂုတ် (၂၁)ရက်မှ စတင်ကာ တာဝန်ယူ လေ့ကျင့်မည့် အသင်းဖြစ်ပြီး ၀ါရင့် ကစားသမား အများစုနှင့် ဖွဲ့စည်းထားသည့် အသင်းဖြစ်သည်။

ပဏာမ ယူ-၂၃ အသင်းမှာမူ ကစားသမား (၃၀)ဦးနှင့် နည်းပြချုပ် ပတ်ဆောင်ဟွာက တာဝန်ယူ လေ့ကျင့်လျှက် ရှိနေသည်။ အဆိုပါ လက်ရွေးစင် လူငယ်၊ လူကြီး အားပြိုင်ပွဲကို စက်တင်ဘာ (၁)ရက် ညနေ (၄း၀၀)နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပသွားမည် ဖြစ်ပြီး ကွင်းဝင်ကြေးမှာ အထူးတန်း ကျပ်(၁၀၀၀)နှင့် ရိုးရိုးတန်း ကျပ်(၅၀၀)ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်မှု အရ သိရသည်။

အဆိုပါ ပွဲစဉ်ကို ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ်လွှင့် ပြသသွားမည် ဖြစ်ပြီး Channel-7 နှင့် MRTV-4 နှစ်ခုအနက် မည်သည့် ရုပ်သံမှ ပြသမည် ဆိုသည်ကိုမူ တိကျစွာ မသိရသေးပေ။

မြ၀တီ

0 comments:

Post a Comment