16.5.16

“အာဆီယံ-ရုရှားထိပ်သီးအစည်းအဝေးတက်ရန် သမ္မတဦးထင်ကျော် ရုရှားသွားမည်”


သမ္မတဦးထင်ကျော်သည် အာဆီယံ- ရုရှားထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်ရုရှားနိုင်ငံသို့သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး က သတင်းထုတ်ပြန်သည်။

အာဆီယံ-ရုရှားထိပ်သီးအစည်းအဝေးကို ရုရှားနိုင်ငံ ဆိုချီမြို့တွင် လာမည့် မေလ ၁၉ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ 
ယခုခရီးစဉ်သည် သမ္မတဦးထင်ကျော် သမ္မတအဖြစ်တာဝန်ယူခဲ့ပြီးနောက် ဒုတိယအကြိမ်မြောက်သွားရောက်မည့် ပြည်ပခရီးစဉ်လည်းဖြစ်သည်။ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် လာအိုနိုင်ငံသို့ နေ့ချင်းပြန်သွားရောက်ခဲ့သည်။


Credit To >>> 7Day Daily 


1 comment: