16.5.16

Free Hug ဟု ဆိုင်းဘုတ်ကိုင်ထား၍ သွားဖက်ရာ မုန့်ဖိုးမပေးမိသဖြင့် ကနေဒါအမျိုးသမီး အထိုးခံရ

နွေးထွေးမှု မေတ္တာတရားကို ပြသတဲ့အနေနဲ့ အခမဲ့ ပွေ့ဖက်နိုင်သည့် Free Hug ဆိုတဲ့ လှုပ်ရှားမှုတွေ နိုင်ငံတကာမှာ တွေ့ရတတ်ပါတယ်။နယူးယောက်မြို့က Free Hugသမားကတော့ သိပ်ပြီး မေတ္တာတရားကြီးပုံ မပေါ်ပါဘူး။ သူ့ကို ဖက်ပြီး ဓာတ်ပုံတွဲရိုက်တဲ့ အမျိုးသမီးက မုန့်ဖိုးမပေးလို့ ဒေါပွပြီး မျက်နှာကို လက်သီးနဲ့ အသားကုန်ထိုးလိုက်ပါသတဲ့လေ။နယူးယောက် Time Square ရင်ပြင်နားက Free Hug သမားဟာ အမျိုးသမီးကို ထိုးလိုက်ခြင်းဟာ မုန့်ဖိုးမရလို့ပါလို့ ရဲက အတည်ပြုထားပါတယ်။အထိုးခံလိုက်ရတဲ့ အမျိုးသမီးဟာ အသက် ၂၂ အရွယ် ကနေဒါက အော့တဝါမြို့သူ ဖြစ်ပါတယ်။
ထိုးခံရတဲ့ ဒဏ်ရာကြောင့် မျက်ကွင်းကြီးညိုသွားပြီး ဒဏ်ရာလည်းရသွားတယ်လို့ မျက်မြင်သက်သေတွေက ဆိုကြပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂျာမိန်းဟင်မယ်စတိန်း ဟာ "Free Hug"ဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ထားတာဖြစ်ပြီး အမျိုးသမီးက ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။ဟင်မယ်စတိန်းက အဆိုပါ အမျိုးသမီးထံမှ သုံးကြိမ်တိုင်တိုင် ပိုက်ဆံတောင်းခဲ့ပေမယ့် အမျိုးသမီးက မပေးခဲ့ပါဘူး။ သုံးကြိမ်မြောက်တောင်းလို့ မရတဲ့အခါ စိတ်တိုလာပြီး Free Hug သမားက အမျိုးသမီးမျက်နှာကို ဆွဲထိုးလိုက်တော့တာပဲ။ တရားခံကို ရဲက ဖမ်းဆီးထားပြီး သူဟာ ယခင်ကတည်းက အလားတူ ပြစ်မှုတွေကျူးလွန်ဖူးတယ်လို့ ဆိုပါတယ်။ အထိုးခံရသူ မိန်းကလေးဟာ ဆေးရုံမှာ သွားရောက်ကုသမှုခံယူခဲ့ရပြီး မကြာသေးခင်ကမှ နယူးယောက်ကို ပြောင်းလာသူ ဖြစ်ပါတယ်။

Credit To >>> The Voice Weekly

0 comments:

Post a Comment