16.5.16

မူအားဖြင့် ခွင့်ပြုထားသည့် အထပ်မြင့်များကို ပြန်လည်စစ်ဆေးနိုင်ရေး တည်ဆောက်မှုရပ်ဆိုင်းရန် ထုတ်ပြန်

ရန်ကုန်မြို့တော်စည်ပင် က မူအားဖြင့်ခွင့်ပြုထားပြီး စတင် တည်ဆောက်နေသည့် အထပ်မြင့်အဆောက်အအုံများကို ပြန် လည်စစ်ဆေးမှုပြုလုပ်ရန်တည်ဆောက်နေခြင်းများကို ခေတ္တရပ်ဆိုင်းရန် အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနက သတင်းထုတ်ပြန်သည်။

မူအားဖြင့်သာ ခွင့်ပြုထားပြီး အင်ဂျင်နီယာနှင့် အဆောက်အအုံ ဌာနမှ ခွင့်ပြုမိန့်မရမီ ကြိုတင် တည်ဆောက်နေမှုများရှိသဖြင့် အဆိုပါ အဆောက်အအုံများကို မြေပြင်စစ်ဆေးရေးအဖွဲ့က ပြန် လည်စစ်ဆေးရန် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယခုနှစ်တွင် မူအားဖြင့် ခွင့် ပြုထားသည့် ၁၃ ထပ်နှင့်အထက် အထပ်မြင့်အဆောက်အအုံ ၃၀ ကျော်ရှိပြီး ၁၃ ထပ်အောက် အ ဆောက်အအုံမှာ ရာကျော်ရှိသည်။


ရန်ကုန်တွင် အထပ်မြင့်အ ဆောက်အအုံများ ခွင့်ပြုရာ၌ ၁၃ ထပ်အောက် အဆောက်အအုံ များကို YCDC က တိုက်ရိုက်စစ် ဆေးကိုင်တွယ်ခွင့်ပြုနေပြီး ၁၃ ထပ်နှင့်အထက် အဆောက်အအုံ များကိုမူ အထပ်မြင့်အဆောက်အ အုံများ စစ်ဆေးရေးကော်မတီမှ စစ်ဆေးပြီး ရန်ကုန်တိုင်းအစိုးရအ ဖွဲ့က တိုက်ရိုက်ခွင့်ပြုနေခြင်း ဖြစ် သည်။

‘‘မြေပြင်စစ်အဖွဲ့က ပြန်စစ် မယ်။ ပြီးရင် ပြန်ပြီးညှိနှိုင်းမယ်။ အရင်အထပ်မြင့်ဆောက်ဖို့ တင် ထားရင် ဆောက်မယ့်မြို့နယ်အ ခြေအနေနဲ့ သင့်တော်နိုင်၊ မတော် နိုင်ပြန်ပြီး စစ်မယ်’’ဟု အင်ဂျင်နီ ယာနှင့် အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်အစိုးရလက်ထက် ဒဂုံစီးတီးစီမံကိန်းကဲ့သို့ ရွှေတိဂုံ စေတီအနီးတွင် စီမံကိန်းများ ခွင့်ပြုပြီးမှ ပြန်လည်ရပ်ဆိုင်းခဲ့ရသည့် အခြေအနေမျိုးမဖြစ်ပေါ်စေရန် ယခုကဲ့သို့ စစ်ဆေးခြင်းဖြစ်ပြီး ၂၀၁၆ အတွက် ရန်ကုန်မြို့တွင် မူအားဖြင့် ခွင့်ပြုထားသည့် အထပ်မြင့်အဆောက်အအုံအချို့သည် ယခင်အစိုးရလက်ထက်က ခွင့်ပြု ခဲ့ခြင်းကြောင့် ပြန်လည်စစ်ဆေး ခြင်းလည်း ဖြစ်နိုင်ကြောင်း ဧရာ ထူးဆောက်လုပ်ရေးကုမ္ပဏီမှ ဦးစိုင်းကျော်နိုင်က သုံးသပ်သည်။

‘‘တချို့အထပ်မြင့် စီမံကိန်း တွေက ဈေးကွက်လိုအပ်ချက်ကို ကြည့်ပြီး အသည်းအသန်ဆောက် ကြတော့ မဆောက်သင့်တဲ့နေရာ တွေမှာ ဆောက်ဖို့လုပ်နေတာတွေ လည်း ရှိတော့ ပြန်စစ်တာကောင်း ပါတယ်’’ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အင်ဂျင်နီယာ နှင့် အဆောက်အအုံဌာနက ရန်ကုန်မြို့တွင် အသစ်ထပ်မံတည်ဆောက်ရန်တင်ပြထားသည့် အထပ်မြင့် အဆောက်အအုံများကို စိစစ်နေပြီး ကော်မတီဝင်အစည်းအဝေး၌ ခွင့်ပြုမိန့်ဆုံးဖြတ်ရန် အဆောက်အအုံရာနှင့်ချီ၍ရှိကြောင်း သိရသည်။

Credit To >>> 7Day Daily

0 comments:

Post a Comment