16.5.16

တပ်မတော်နှင့်ကေအိုင်အေ တိုက်ပွဲပြင်းထန်စွာဖြစ်ပွား

မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ကြား မေလ ၁၅ ရက်က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

မန်စီမြို့နယ် ဘွမ်လန်နှင့် အူလန်ပါ ကျေးရွာကြားတွင် မေ လ ၁၅ ရက် နံနက် ၆ နာရီခန့်မှ စ၍ နေ့လယ် ၁ နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေထိပ်ပိုင်းအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

‘‘လှည့်ကင်းသွားရင်းနဲ့ နှစ် ဖက်တွေ့တာက စဖြစ်တာပါ’’ ဟု ပြောကြားပြီး ကေအိုင်အေတပ်ရင်း (၂၇) နှင့် တပ်မတော်မှ ခလရ (၂၃၇)၊ ခမရ(၆၀၂) စစ်ကြောင်းများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် တနိုင်း၊ ဖားကန့် ဒေသများတွင်လည်း နှစ်ဖက်အင် အားတိုးမြှင့်ထားပြီး စစ်ရေးပြင်း ထန်လာနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ဆိုသည်။

ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာတွင်လည်း မေလ ၁၄ ရက် ညက မိုင်းပေါက်ကွဲမှုဖြစ်ပွား ခဲ့၍ လုံခြုံရေးတိုးမြှင့်ထားသည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တပ်မတော်နှင့် ကေအိုင်အေတို့ ဖားကန့်ဒေသ၌ တိုက်ပွဲများဖြစ်ပွား ခဲ့ပြီးနောက် အဆိုပါ ဒေသရှိ ကေအိုင်အေတပ်ရင်း (၆) ဆုတ်ခွာခဲ့ရကြောင်း သတင်းရရှိသည်။

တပ်မတော်ထိပ်ပိုင်းခေါင်း ဆောင်များက မေလ ၁၃ ရက် မီဒီယာများနှင့် တွေ့ဆုံရာတွင် ဖားကန့် တိုက်ပွဲ ဖြစ်စဉ်များနှင့်ပတ်သက်၍ ကေအိုင်အေက အရပ်သားပြည်သူများကို ဖမ်းဆီးမှုကြောင့် တပ်မတော်စစ်ကြောင်း များက နယ်မြေရှင်းလင်းမှုများ ပြုလုပ်ခဲ့ပြီး တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြောင်း ရှင်းလင်းထားသည်။

ထို့အပြင် နယ်မြေရှင်းလင်း မှုများကို အာရုံလွှဲပြောင်းစေရန် ကေအိုင်အေက မိုင်းဖောက်ခွဲမှုများပြုလုပ်ခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက နိုင်ငံပိုင်သတင်းဌာန များတွင် ထုတ်ပြန်ထားသည်။

ကချင်ငြိမ်းချမ်းရေးအကျိုး ဆောင်အဖွဲ့(PCG)က ယုံကြည်မှု တည်ဆောက်နိုင်ရန် လက်ရှိကာ လတွင် ထိုးစစ်များ ရပ်ဆိုင်းထား သင့်ကြောင်းဆိုသည်။

Credit To >>> 7Day Daily

0 comments:

Post a Comment