16.5.16

ထိုင်းနိုင်ငံ ကုန်တိုက်ရှိ ရွှေဆိုင်ကို ဝင်လုသူ မြန်မာဟုတ်၊ မဟုတ် စုံစမ်းလျက်ရှိ

ထိုင်းနိုင်ငံ နုံထဘူရီဘန့် ရိုင်းမြို့ Big C ကုန်တိုက်ရှိ ရွှေ ဆိုင်တစ်ဆိုင်အတွင်း ဓားကိုင်ပြီး ဓားပြတိုက်သူသည် မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထိုင်းရဲတပ်ဖွဲ့ထံ အထောက်အထားများ တောင်းခံ ၍ စုံစမ်းနေကြောင်း သတင်းရရှိ သည်။
မေလ ၁၃ ရက်က မြန်မာနိုင်ငံသားဟု ယူဆရသည့် သူတစ်ဦး သည် Big C ကုန်တိုက် ရွှေဆိုင် အတွင်းရှိ အသက်(၁၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ဓားထောက်ကာ ရွှေ ၁၀ ပိဿာပေးရန် တောင်းဆိုခဲ့သဖြင့် ကုန်တိုက် အနီးရှိ ထိုင်းရဲတပ်ဖွဲ့နှင့် ကုန်တိုက်လုံခြုံရေးဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ရွှေဆိုင်ကို ဝင်လုသူကို ထိုင်း နိုင်ငံသားများက မြန်မာလုပ်သား တစ်ဦးဖြစ်သည်ဟု စွပ်စွဲပြော ကြားထားခြင်းဖြစ်ကြောင်း သ တင်းရရှိသည်။ ၎င်းကို မြန်မာနိုင် ငံသားဟုတ်၊ မဟုတ် ထိုင်းရဲတပ် ဖွဲ့ထံ အထောက်အထားများ တောင်းခံထားကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

‘‘မြန်မာနိုင်ငံသား ဖြစ်ပါ တယ်လို့ အထောက်အထားတော့ အခုထိ မတွေ့ရသေးဘူး။ သတင်းတွေကတော့ မြန်မာနိုင်ငံသားလို့ ပြောတယ်။ သံရုံးအနေနဲ့ အ ထောက်အထားရှာနေပါတယ်။ မြန်မာ ဟုတ်တယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ သူ့ကို တစ်ခါ တည်း ဖမ်းထားတယ်လို့ သိရပါ တယ်။ သူက မြန်မာစကားမပြော ဘူး။ ထိုင်းလိုတော့ တော်တော် လေးပြောတတ်တယ်။ ဝိုင်းဖမ်းတဲ့ သူတွေက မြန်မာပဲဖြစ်မယ်ဆိုပြီး လုပ်နေတာ’’ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ရွှေဆိုင်ကို ဝင်လုသူကို ထိုင်းနိုင်ငံသားများက ဝိုင်းဝန်းရိုက်နှက် ထားမှုကြောင့် ဆေးရုံ၌ ဆေးကု သမှုခံယူနေကြောင်း ၎င်းက ဆက် လက်ပြောသည်။

‘‘ထိုင်းတွေကတော့ မြန်မာ နိုင်ငံသားလို့ ပြောနေကြတာပဲ။ ဟုတ်၊ မဟုတ်တော့ တိတိကျကျ မသိရသေးဘူး’’ဟု ထိုင်းနိုင်ငံ ရောက် မြန်မာလုပ်သားများအား ကူညီပေးနေသော ကိုစောမောင် က ပြောသည်။

Credit To >>> 7Day Daily

0 comments:

Post a Comment