16.5.16

စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမ အသေးစားအရင်းအနှီိးချေးငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း ၂၂ သင်းမှ နောက်တိုးအသင်းသား တောင်သူလယ်သမားများသို့ အသေးစားအရင်းအနှီးချေးငွေပေးအပ်ပွဲကို မြို့နယ်သမ
ဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ မေ ၁၄ ရက် နံနက် ၉ နာရီက ပြုလုပ်
ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်း
သန်းဝင်းက အခြေခံစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းများ၏ ချေးငွေဆိုင်ရာ ကိစ္စရပ်များကိုပြောကြားကာ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ
ဦးတင်ဝင်းက ယခုထုတ်ချေးပေးသော ချေးငွေများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ချေးပေးခြင်းဖြစ်ပြီး အသေးစားချေးငွေထုတ်ယူထားသော တောင်သူလယ်
သမားများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းခွင်များ၌ အကျိုးရှိရှိ ထည့်သွင်းအသုံးပြုကြရန်နှင့် အဆိုပါချေးငွေများကို သတ်မှတ်ရက်အမီ ပြန်လည်ပေးဆပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ အသင်းစုဥက္ကဋ္ဌ
နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အခြေခံ စိုက်/ထွေ သမဝါယမအသင်း ၂၂ သင်းမှ
ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံစိုက်ပျိုးရေးနှင့် အထွေထွေ
သမဝါယမအသင်း ၂၂ သင်းမှ နောက်တိုးအသင်းသားများဖြစ်သော ကျွန်းကုန်းတိုက်နယ်မှ ၃၉ ဦး၊ ကျုံတိုင်တိုက်နယ်မှ ၃၉၈ ဦး၊ ကျုံမငေးတိုက်နယ်မှ ၈၂ ဦး၊ ရွှေလောင်းတိုက်နယ်မှ ၁၉၂ ဦး၊ မောင်းဒီးတိုက်နယ်မှ ၆၉ ဦးနှင့် ငှက်ပျောချောင်းတိုက်နယ်မှ ၅၂ ဦး စုစုပေါင်း ၈၃၂ ဦးအတွက် အသေးစားချေးငွေကျပ် ၈၃၂ သိန်းအား တာဝန်ရှိသူများက တိုက်နယ်အသီးသီးမှ အသင်းဥက္ကဋ္ဌများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

Credit To >>> The Mirror Daily 

0 comments:

Post a Comment