16.5.16

*** မြန်မာသီလ၀ါ ရန်ကုန်စတော့အိတ်ချိန်းတွင်စာရင်းဝင်ပြီ ***

CB Bank ပိုင်ကုမ္ပဏီတစ်ခုဖြစ်သော CB Securities သည် တစ်ခုတည်းသော အကြံပေးကုမ္ပဏီအနေနှင့် မြန်မာသီလ၀ါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း ပတ်ပလစ်လီမိတက် (MTSH) ကို ရန်ကုန်စတော့အိတ်ချိန်းတွင် အောင်မြင်စွာ စာရင်းဝင်နိုင်ရန် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း ၀မ်းမြောက်စွာအသိပေးကြေငြာအပ်ပါသည်။
MTSH သည် စနစ်ကျသော ဖွဲ့စည်းအုပ်ချုပ်မှုများနှင့် ခိုင်မာစွာဖွဲ့စည်းထားသော ကုမ္ပဏီတစ်ခုဖြစ်သည့် အလျောက် အများပြည်သူများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ရရှိထားပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်သည့် ယခုတိုးတက်မှုဖြစ်စဉ်သည် အဆိုပါ ယုံကြည်မှုကို ထပ်လောင်းအားဖြည့်ပေးလိုက်ခြင်းလည်းဖြစ်ပါသည်။ သို့ပါ၍ MTSH ၏ အောင်မြင်မှုအတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောကြားလိုပါသည်။
CB Securities အနေနှင့်လည်း အချိန်တိုကာလအတွင်းတွင် ယခုကဲ့သို့ ဆောင်ရွက်နိုင်ခဲ့ခြင်းသည်လည်း ဂုဏ်ယူဝမ်းမြောက်ဖွယ် အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ပါသည်။ စတော့အိတ်ချိန်းစာရင်းဝင်ရန်ဆောင်ရွက်နေစဉ် ကာလအတွင်း အဆင်ပြေချော့မွေ့စေရန် အစစအရာရာကူညီပံ့ပိုးပေးခဲ့ကြသော Securities & Exchange Commission of Myanmar နှင့် Yangon Stock Exchange မှတာဝန်ရှိသူများ နှင့်တကွ MTSH ၏ အမှုဆောင်အရာရှိများကို ကျေးဇူးအထူးတင်ရှိပါသည်။
MTSH၏စတော့အိတ်ချိန်းတွင် စာရင်းဝင်ခြင်းအထိမ်းအမှတ်အနေနှင့် ရန်ကုန်စတော့အိတ်ချိန်း၏ အောင်ဇေယျတုခေါင်းလောင်းကို တီးခတ်ပြီး ရှယ်ယာလက်မှတ်ရောင်းဝယ်ခြင်းကို မေလ ၂၀ ရက်တွင် စတင်မည်တော့ဖြစ်ကြောင်းအသိပေးကြေငြာအပ်ပါသည်။ စိတ်ဝင်စားသူ မည်သူမဆို CB Securities ရုံးချုပ်နှင့် မြန်မာနိုင်ငံအရပ်ရပ်ရှိ CB Bank ဘဏ်ခွဲများတွင် စာရင်းဖွင့်လှစ်နိုင်ပြီဖြစ်ပါသည်။
It is our great honor to announce that CB Bank’s wholly owned subsidiary, CB Securities, as the lead securities company, has helped Myanmar Thilawa SEZ Holding Public Limited (MTSH) be listed on Yangon Stock Exchange. CB Securities would like to congratulate MTSH for its listing and express our appreciation to the officials from the Securities and Exchange Commission of Myanmar and Yangon Stock Exchange, as well as the management team of MTSH, for all the support during the process.
MTSH, being a company that is built on a very strong foundation and corporate governance, enjoys trust of many investors, which is enforced by the listing on Yangon Stock Exchange.
This achievement is also a major milestone for CB Securities and a testament to the tremendous progress that we have made since our company formation in 2015.
In honor of the listing and commencement of trading, the Aung Zay Ya Tu Bell of Yangon Stock Exchange will be rung on May 20, 2016. Anyone who is interested in trading MTSH stocks can open accounts at CB Securities Head Office or all the branches of CB Bank.

Credit To >>> CB Bank

0 comments:

Post a Comment