30.1.17

အခုနှစ် ပြည်တွင်းခရီးသွားအရေအတွက် ပိုတိုးတက်လာနိုင်တယ်လို့ခန့်မှန်း

အခုနှစ်အတွင်း ပြည်တွင်းခရီးသွားအရေအတွက် ပိုတိုးတက် လာနိုင်တယ်လို့ မြန်မာနိုင်ငံပြည်တွင်းဘုရားဖူးနဲ့ ခရီးသွားလုပ်ငန်းရှင်များအသင်းထံကသိရပါတယ်။

အများပြည်သူရုံးပိတ်ရက်များပြီး အရင်ကထက်လည်းပြည်တွင်းနေရာအများစုကို ခရီးသွားတတ်တဲ့ အလေ့အ ထတွေတိုးပွားလာတာကြောင့် ပြည်တွင်းခရီးသွားအရေအတွက်က ၇ သန်းအထက်ကို ရောက်ရှိလာမယ်လို့ခန့် မှန်းကြတာလည်းဖြစ်ပါတယ်။

ယင်းအသင်းတာဝန်ရှိသူက “ ပိတ်ရက်လေးတွေကများလာတယ်၊ သွားလာလည်ပတ်ရမယ့်နေရာတွေများလာ တာလည်းပါတော့ အခုနှစ်ခရီးသွားအရေအတွက်က အရင်နှစ် ၇ သန်းထက် တိုးလာမယ်လို့ ခန့်မှန်းထားတာပါ” လို့ပြောပါတယ်။

ပြည်တွင်းခရီးသွားတွေအနေနဲ့ ချောင်းသာ၊ငွေဆောင်၊ကျိုက်ထီးရိုး၊မန္တလေး၊ပြင်ဦးလွင်၊တောင်ကြီး၊ပုဂံညောင်ဦး ခရီးစဉ်တွေကိုလည်း ပိုမိုသွားလာနေကြတယ်လို့လည်း ယင်းအ သင်းတာဝန်ရှိသူကပြောတာပါ။ ဒါ့အပြင် မြ၀တီဘက်တွေကိုလည်း ပိုမိုသွားလာနေကြတယ်လို့ သိရပါတယ်။

နေချင်းပြန်ခရီးတွေတိုးပွားလာတာကြောင့် သောကြာ၊စနေနဲ့ တနင်္ဂနွေနေ့ရက်တွေနဲ့ ကိုက်ပြီးသွားလာကြတဲ့ ခ ရီးစဉ်တွေလည်းရှိနေပြီး လုပ်ငန်းအပြိုင်အဆိုင်တွေများတာကြောင့်ဈေးနှုန်းပြိုင်ဆိုင်မှုတွေများပြီး ခရီးသွားလာဖို့ တွန်းအားပေးတဲ့အချက်တွေ ဖြစ်လာစေတယ်လို့ ယင်းအသင်းထံကသိရပါတယ်။

ပြည်တွင်းခရီးသွားလုပ်ငန်းရှင်အသင်းအနေနဲ့ သွားလာရမယ့်ခရီးစဉ်အသစ်တွေကို ဦးဆောင်ရှာဖွေပေးနေပြီး စာရင်းကောက်ယူမှုတွေကိုလည်း စနစ်တကျလုပ်ဆောင်လျှက်ရှိတယ်လို့ သိရ ပါတယ်။ ပြည်တွင်းခရီးသွားတွေ အနေနဲ့ အခုလိုဆာင်းရာသီမှာ အပူးပိုင်းဒေသခရီးစဉ်တွေကို ပိုမိုရွေးချယ်တတ်တယ်လို့လည်း သိရပါတယ်။


Credit To>>> SFJ Strategy First Journal

0 comments:

Post a Comment