30.1.17

အမေရိကန်စစ်တပ်ကို ကြီးမားစွာပြန်လည်တည်ဆောက်ရန် သမ္မတ ဒေါ်နယ်ထရန့် အမိန့်ထုတ်

Image may contain: 3 people, suit
သောကြာနေ့တွင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့များကို ကြီးမားစွာ ပြန်လည်ပြင်ဆင်တည်ဆောက်မည်ဟု ၄င်းက ပြောဆိုထားသော အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး လေယာဉ်၊ ရေတပ်သင်္ဘော နှင့် စစ်တပ်အတွက် အရင်းအမြစ်များကို ထောက်ပံ့ပေးမည်ဟု ကတိပြုခဲ့သည်။ ပင်တဂွန်စစ်ဌာနချုပ်တွင် ကျင်းပသော ပွဲတစ်ခု၌ သမ္မတထရန့်က "ကျွန်တော်တို့ရဲ့ စစ်တပ်အင်အားကို ဘယ်သူကမှ မေးခွန်းထုတ်လို့မရပါဘူး၊ ဘယ်သူကမှ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးအပေါ် စိတ်ထားကို မေးခွန်းထုတ်လို့မရပါဘူး၊ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို တကယ်လိုချင်ပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရ၏ အသုံးစရိတ်များကို ချထားသတ်မှတ်ပေးမည့် ကွန်ဂရက်လွှတ်တော်ကလည်း စစ်တပ်အတွက် အိမ်ဖြူတော်၏ တောင်းဆိုချက်အသစ်များကို ပျော်ရွှင်စွာ ကြည့်ရှုနေလိမ့်မည်ဟု ခန့်မှန်းပါကြောင်း ဆိုသည်။ ပြီးခဲ့သောနှစ်တွင် ပြုလုပ်ခဲ့သည့် သမ္မတမဲဆွယ်ပွဲများနှင့်မကြာသေးမီ သီတင်းပတ်များတွင် သမ္မတထရန့်က စစ်တပ်၏ အခန်းကဏ္ဍကို တိုးချဲ့လိုပြီး လေယာဉ်နှင့် သင်္ဘောများ၏ အရှိန်အဟုန်ကိုလည်း ချဲ့ထွင်လိုပါကြောင်း ပြောကြားခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် ၄င်းက ရေတပ်သင်္ဘောအစီးရေသည် ၃၅ဝ အထိ ရှိသင့်သည်ဟု ယူဆထားပြီး လက်ရှိတွင် အမေရိကန်ရေတပ်၌ ၂၇၄ စီးရှိပြီး အစီးရေ ၃၁၀ အထိ တိုးမြှင့်ရန် ရည်မှန်းထားသည်ဟုဆိုသည်။



Credit To >>> Democracy Today

0 comments:

Post a Comment