30.1.17

ပြည်တွင်းအကယ်ဒမီရွှေဈေးနှုန်း နှစ်ရက်အတွင်း ကျပ်တစ်သောင်းဝန်းကျင်ကျဆင်း


Image may contain: 1 person, sitting, child and indoor
ကမ္ဘာ့ရွှေ ဈေးကျဆင်းလာမှုကြောင့် ပြည်တွင်း အကယ်ဒမီရွှေဈေးနှုန်းနှစ်
ရက်အ တွင်းကျပ်တစ်သောင်းဝန်းကျင် ကျ ဆင်းခဲ့ကြောင်း ပြည်တွင်းရွှေလုပ် ငန်းရှင်အသိုင်းအ၀ိုင်းမှ သိရသည်။

ဇန်န၀ါရီ ၂၅ ရက်က အကယ် ဒမီရွှေတစ်ကျပ်သားလျှင် ကျပ် ၈၇၃၀၀၀ ၀န်းကျင်မှ လက်ရှိ ဇန်န ၀ါရီ ၂၇ ရက်တွင် အကယ်ဒမီရွှေ တစ်ကျပ်သားလျှင်ကျပ် ၈၆၂၇၀၀ ၀န်းကျင်သို့ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း
ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

တိတ်စိန်ရွှေဆိုင်မှ ဦးဇော်ဇော် အောင်က ဒီအပတ်ဈေးကွက်အ ဖွင့်မှာကျပ် ၈၇၀၀၀၀ ကျော်ကနေ မနေ့ကကျပ် ၈၆၈၀၀၀ လောက်အ ထိသွားတယ်။ ဒီနေ့နေ့လယ်ပိုင်း မှာကျပ် ၈၆၂၀၀၀ လောက်အထိကျ သွားတယ်။ ဒီရက်ပိုင်းကို ကျပ်တစ် သောင်းဝန်းကျင်ကျသွားတာပါ""ဟု ဇန်န၀ါရီ ၂၇ ရက်က ဒီမိုကရေ စီတူဒေးသို့ပြောသည်။

ယခင်ကမ္ဘာ့ရွှေဈေးနှုန်းမှာတစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ ၀န်းကျင်မှ လက်ရှိ ဇန်န၀ါရီ ၂၇ ရက်တွင် တစ်အောင်စလျှင် ဒေါ်လာ ၁၁၉၀ ၀န်းကျင်သို့ကျဆင်း ခဲ့ကြောင်း ပြည်တွင်းရွှေလုပ်ငန်း ရှင်အသိုင်းအ၀ိုင်းမှ သိရသည်။

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အ သင်းအတွင်းရေးမှူးဦးကျော်ဝင်း က ""ကမ္ဘာ့ဈေးက တော်တော်လေး ကျသွားတယ်။ အခုတစ်အောင်စကို ဒေါ်လာ ၁၁၈၀ ၀န်းကျင်ဆိုတော့ ဒေါ် လာ ၂၀ ကျသွားတယ်။ ဒုတိယ တစ်ချက်က တရုတ်နှစ်ကူးပွဲတော် ရက်လည်းဖြစ်တဲ့အတွက် ဆိုင်အ ချို့လည်းပိတ်
ထားတယ်။ အရောင်း အ၀ယ်တွေမရှိတော့ ၀ယ်လိုအားမ ရှိလို့အခု
လိုဈေးကျသွားတာလည်း ပါတယ်""ဟု ဆိုသည်။


Credit To >>> Democracy Today

0 comments:

Post a Comment