15.7.13

စနိုဒင်းထံတွင် အမေရိကန် NSA ၏ ဖွဲ့စည်းပုံ Blueprint ရှိနေဟုဆို

စနိုးဒင်းတွင် NSA၏ တည်ဆောက်ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး အလွန်အသေးစိတ်ကျစွာ မှတ်တမ်းတင်ထားသည့် အချက်အလက်များ ရှိနေပြီး ယင်းတို့ကို ဖော်ထုတ်ခြင်းသည် အမေရိကန် အစိုးရကို ထိခိုက်သွားစေနိုင်ကြောင်း ဂရင်းဝဲလ်က မှတ်ချက်ပြုခဲ့သည်


အမေရိကန်၏ ထောက်လှမ်းရေး လျှို့ဝှက်ချက်များကို ဖော်ထုတ်နေခြင်းကြောင့် ကမ္ဘာသိပုဂ္ဂိုလ်တစ်ဦး ဖြစ်လာသူ အက်ဒွပ် စနိုးဒင်းထံတွင် အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA)၏ ဖွဲ့စည်းမှု Blueprint ရှိနေကြောင်း Guardian သတင်းထောက် တစ်ဦးက ပြောကြားလိုက်သည်။ သတင်းထောက် ဂလင်း ဂရင်းဝဲလ်သည် စနိုးဒင်း၏ နိုင်ငံတကာ အာရုံစိုက်ခြင်း ခံရသည့် ဖော်ကောင်လုပ်ငန်းကြီးအတွက် ပထမဆုံး ချိတ်ဆက် သတင်းယူ ဖော်ပြခဲ့သူလည်း ဖြစ်သည်။ စနိုးဒင်းတွင် NSA၏ တည်ဆောက်ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး အလွန်အသေးစိတ်ကျစွာ မှတ်တမ်းတင်ထားသည့် အချက်အလက်များ ရှိနေပြီး ယင်းတို့ကို ဖော်ထုတ်ခြင်းသည် အမေရိကန် အစိုးရကို ထိခိုက်သွားစေနိုင်ကြောင်း ဂရင်းဝဲလ်က မှတ်ချက်ပြုခဲ့သည်။

"အချက်အလက်တွေ ထောင်နဲ့ချီရှိတယ်။ အဓိကကတော့ NSAရဲ့ တည်ဆောက်ပုံ မှတ်တမ်းတွေပေါ့။ NSAကို ဘယ်လို စနစ်နဲ့ တည်ထောင်ထားတယ် ဆိုတာမျိုးတွေ သူ့ဆီမှာ ရှိနေတယ်"ဟု ၎င်းက ဆိုသည်။ ဂရင်းဝဲလ်က NSA၏ ဖွဲ့စည်းပုံကို လူသိရှင်ကြား ချပြခြင်းသည် အမေရိကန်၏ အမျိုးသား လုံခြုံရေး ကဏ္ဍကို မထိခိုက်စေဘဲ အမေရိကန် အစိုးရအတွက်မူ ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ ဂရင်းဝဲလ်သည် စနိုးဒင်းနှင့် နီးစပ်သော ဆက်သွယ်မှု ရှိသူဖြစ်ပြီး လက်ရှိတွင် ဘရာဇီးလ်နိုင်ငံ၊ ရီယိုဒီဂျနေရိုမြို့၌ နေထိုင်လျှက် ရှိသည်။

ဂရင်းဝဲလ်သည် အမေရိကန် နိုင်ငံသား လိင်တူနှစ်သက်သူ တစ်ဦးဖြစ်ရာ ဘရာဇီးလ်ရှိ ၎င်း၏ အဖော် ဒေးဗစ်မိုက်ကယ် မီရန်ဒါထံ ရွှေ့ပြောင်း နေထိုင်နေသူ ဖြစ်သည်။ CIA အမှုထမ်းဟောင်း စနိုးဒင်းမှာမူ လတ်တလောတွင် နိုင်ငံအချို့သို့ ခိုလှုံခွင့် တောင်းခံထားဆဲဖြစ်ပြီး ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ရှယ်ရီမတ်ယီဗို လေဆိပ်တွင် သောင်တင်လျှက်ရှိသည်။

Planet Myanmar Network

0 comments:

Post a Comment