15.7.13

ယုံကြည်မှုမှ ထာဝရငြိမ်းချမ်းရေးဆီသို့

ဦးသိန်းစိန်အစိုးရမတိုင်မီ နအဖလက်ထက်တွင် အပစ်အခတ် ရပ်ထားသည့် လက်နက်ကိုင်အဖွဲ့ အစည်းများအား BGF ပြည်သူ့ စစ်များအဖြစ် ပြောင်းလဲရန် နအဖအစိုးရအနေဖြင့် ကြိုးပမ်း ခဲ့သော်လည်း အချို့သော လက်နက်ကိုင်အဖွဲ့အစည်း များမှာ လက်ခံနိုင်ခြင်းမရှိသဖြင့် ယနေ့တိုင် ပြေလည်အောင် မဖြေ ရှင်းနို င်ဘဲရှိခဲ့ရာ လက်နက်ကိုင်အဖွဲ့အစည်းများထဲမှ လူ/လက်နက်အင် အား အတောင့်တင်းဆုံးအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် UWSA “၀”တပ်ဖွဲ့ နှင့်တပ်မတော်ကြား စစ်ရေးတင်းမာမှုများ ရှိနေကြောင်း ဆူညံ ပွက်လောရိုက်နေ သလို SSPP/SSA အဖွဲ့နှင့်လည်း စစ်ရေးအရ တင်းမာမှုများရှိနေကြောင်း ကြားသိရပါသည်။


တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော်လည်း ယခုကဲ့သို့ အခြေအနေ တင်းမာမှုများ ရှိနေသည်ကို ပြန်သုံးသပ်ပါက ယုံကြည်မှုမရှိခြင်းကြောင့် ဖြစ်ပါသည်။ ယုံကြည်မှု တည်ဆောက်ရာတွင် အခုရေတွင်းတူး အခုရေကြည်သောက်ချင်၍ မရနိုင်ပါ။ ယုံကြည် မှု တည်ဆောက်စဉ် ကာလမှာလည်း တစ်ဖက်နှင့်တစ်ဖက် အထင်အမြင် လွဲမှားမှုများမရှိအောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ တိတိကျကျ ပြော ဆိုဆွေးနွေးရန် လိုအပ်ပါသည်။ ပြီးခဲ့သော ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ SSPP/SSA နှင့် စစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ SSPP/SSA အဖွဲ့ကလည်း သူတို့ကိုထိန်းချုပ်ဖို့နယ်မြေတိုးချဲ့ လာလို့တိုက်ပွဲဖြစ်တာ ဟုပြောသည်။ အစိုးရစစ်တပ်ကလည်း ယခုတိုက်ပွဲဖြစ်သောနေရာများသည် ယခင်က SSPP/SSA တပ်ဖွဲ့ဝင်များ၏ နယ်မြေမဟုတ်ဘဲ ယခုမှလာ၍တပ်စွဲ ထား သဖြင့် တိုက်ပွဲဖြစ်သည်ဟု ပြောဆို ကြသည်။

ထိုကဲ့သို့ အပြန်အလှန်ပြောဆိုပြီး ပဋိပက္ခဖြစ်နေပါက ယုံကြည်မှု တည်ဆောက်ရေးသည် ခက်ခဲ နေအုံးမည်ဖြစ်ပါသည်။

ယခုကဲ့သို့ မငြိမ်းချမ်းသောအခါ ပထမဆုံး ဒုက္ခခံစားရသည်မှာ ၎င်းဒေသများတွင်ရှိသော ပြည်သူ များပင်ဖြစ်ပါသည်။ ဒေသခံများ အနေဖြင့်လည်း အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြားမှာ မည်သည့်ဘက်ကိုမှ ထောက်ခံလိုစိတ်မရှိကြပါ။ အဓိကလိုလားချက် မှာ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နိုင်ရေးဖြစ်ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့်အာဏာဆိုတာ သေနတ်ပြောင်းဝ ကလာတာဆိုသောစကားကိုလက်ကိုင်ထားကာ ဒေသခံပြည်သူလူထုအပေါ် အပြည့်အ၀လွှမ်းမိုးမှုရှိနေ ပါသည်။ အချို့သောတိုင်းရင်းသားများမှာ လက် နက် မကိုင်ချင်သော်လည်း အတင်းအဓမ္မ စုဆောင်းခံရမှု ကြောင့် လုပ်နေ ရခြင်း ဖြစ်ပါသည်။ လက်နက်ကိုင်များ၏ ထိန်းချုပ်မှုအောက်က တိုင်းရင်းသား များ၏ဘ၀မှာ အလွန်သနားစရာကောင်းပါသည်။

သူတို့၏ မွေးသက္ကရာဇ်ကိုပင် မှန်ကန်စွာမသိဘဲ ဘယ်တောင်ယာမှာ ဘယ်နှယ်နှစ် စ သည်ဖြင့် ရေတွက်ပြီးမှ အသက်ကိုပြောနိုင်သူများ ရှိသည်။ မွေးလာသောကလေးများကိုလည်း ကျောင်းထားဖို့ ပညာ သင်ပေးဖို့ထက်ထမင်းစားရဖို့အဓိကထားနေသည်။ တောင်ယာလုပ်
မှဘဲထမင်းစားရမယ်ဟူသော အတွေး အခေါ်ကို အရိုး စွဲနေခြင်း
ကြောင့် ဒေသခံအများစုမှာ အသိပညာက ဗလာနတ္တိ ဖြစ်နေသည်။

ပညာမတတ် သောဒေသခံလူငယ်များကို တိုင်းရင်းသားလက် နက် ကိုင်အဖွဲ့အစည်းအသီးသီးက လူသစ်စုဆောင်းသော အခါလွယ်ကူလှသည်။ ဘုမသိဘမသိနဲ့အဖွဲ့အစည်းအသီးသီး ထဲရောက်လာသော လူငယ်များကို “ဗမာ စစ်တပ်က ငါတို့ဒေသကိုလာ နယ်ချဲ့နေတာ၊ ငါတို့က သူတို့နေတဲ့ ရန်ကုန်၊ မန္တလေးကို သွား တိုက်တာ မှမဟုတ်ဘဲနဲ့ ငါတို့နေတဲ့ တော ထဲ တောင်ထဲကိုလာတိုက်နေတာ၊ ဒီနယ်မြေမှာမွေး၊ ဒီနယ်မြေမှာပဲကြီးပြင်း
တဲ့ ငါတို့တွေကို ဒီနယ်မြေက မောင်းထုတ်နေတော့ ငါတို့အနေနဲ့ လက်နက်စွဲကိုင်ပြီး ပြန်တိုက်ရတာပဲဖြစ်တယ်” ဆိုပြီး မသိနားမ လည်သော ဒေသခံတိုင်းရင်းသားများအား လူမျိုးရေးဝါဒမှိုင်း တိုက်ပါတော့သည်။

ယခင်အစိုးရလက်ထက်တွင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးနီးပါးနှင့် ယုံကြည်မှု ရှိစွာအပစ်အခတ်ရပ်စဲ၍ ငြိမ်းချမ်းရေး တည်ဆောက် နိုင်ခဲ့ပါသည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် ဒေ သအသီးသီးရှိ ဒေသခံများနှင့် ၎င်းတို့၏ လက်အောက်ခံတပ်ဖွဲ့ဝင်များအား အသိပညာ ဖွံ့ဖြိုး တိုးတက်မှု နှင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ပေးနိုင်ခြင်း မရှိသောကြောင့် ငြိမ်းချမ်းရေး ပျက်ပြားပြီး တိုက်ပွဲများပြန် လည်ဖြစ်ပွားနေသည်ကိုသာဓကအဖြစ်တွေ့ရှိနေရပြီ ဖြစ်ပေသည်။

တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်များ အနေဖြင့်အာဏာ ကိုမက်မောပြီး လက်နက်ကိုင် လမ်းစဉ်ကိုဆက်လက်စွဲကိုင်နေခြင်း ဖြစ်သည်။ အချို့သော တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များမှာ အသက်အ ရွယ်ကြီး ရင့်လာ၍ ငြိမ်းချမ်းရေးရယူပြီး ငြိမ်းချမ်းစွာ နေထိုင်လိုကြသည်။
သို့ရာတွင် တပ်ရင်မှူး အဆင့် ရှိသူများမှာ ငြိမ်းချမ်းရေးရယူပြီးကာလတွင် ပညာအခြေခံနည်းပါးပြီး စီးပွားရေး လုပ်ကိုင်တတ်မှုမရှိခြင်းနှင့် ပင်ပင်ပန်းပန်း စီးပွားရှာမစားလိုခြင်းများကြောင့် လက်နက်စွဲကိုင် လိုစိတ်များပေါ်ပေါက် လာကာ ငြိမ်းချမ်းရေးရယူလိုသည့် ခေါင်းဆောင်များအား ငြိမ်းချမ်းရေး ရယူပါက ၎င်းတို့၏မိသားစုများပါသတ်ဖြတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုမှုများ ရှိနေသဖြင့် အချို့ခေါင်းဆောင် များမှာ မလွှဲမရှောင်သာ လက်နက်စွဲကိုင်နေရကြောင်း သိရှိရပါသည်။

တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအနေဖြင့် ၎င်းတို့၏ သားသမီး များကို ပညာတတ် များဖြစ်စေရန် မြန်မာနိုင်ငံတွင်းမှ မြို့ကြီးများနှင့် နိုင် ငံရပ်ခြားတွင် ပညာသင်ကြားစေပါသည်။ သို့သော် ၎င်းတို့နယ်မြေအတွင်း ရှိ ဒေသခံတိုင်းရင်းသားများ၏ သားသမီးများကိုတော့ စာပေ သင်ကြား တက်မြောက် သွားမှာကို စိုးရွံ့နေကြသည်။ သာဓကအနေဖြင့် ၁၉၉၆/၉၇ ခုနှစ် ၀န်းကျင်ကာလက ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်စန်၊ ခိုလမ်မြို့နယ် များရှိ ကျေးရွာများတွင် ပညာသင်ကြား ပေးလျက်ရှိသော ဗမာဆရာ၊ ဆရာမများနှင့် ၎င်းတို့၏ လသားအရွယ်သမီးများကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က လူမဆန်စွာသတ်ဖြတ် ခဲ့သည်မှာဒေသခံများပညာတတ်သွား မည်ကိုမလိုလား၍ဖြစ်သည်။

ယခင်ကဘာကြောင့် ဆရာ၊ ဆရာမများကို သတ်ဖြတ်သည်ကို မတွေးခဲ့မိပါ။ ယခုကာလ ရောက်၍ ပြန်လည်တွေးတောကြည့်မိသည့်အခါဒေသခံတိုင်းရင်းသားများအနေဖြင့်စာပေပညာသင်ကြားတတ်မြောက် ၍အသိပညာ ဖွံ့ဖြိုးတိုးတက်လာပြီး စီးပွားရေးနှင့်လူနေမှုအဆင့်အတန်းများမြင့်မား လာလျှင် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ပါကတိုင်းရင်းသား လက်နက် ကိုင်များ၏အုပ်ချုပ်မှုကို လက်မခံမှာ စိုး၍သာဖြစ်ကြောင်း တွေ့ရပါသည်။
ထို့အပြင်လက်နက်ကိုင်တိုင်းရင်းသား ခေါင်းဆောင်များကိုယ်တိုင် ၎င်းတို့ မိသားစုများ၏ ကိုယ်ကျိုး စီးပွားအတွက် တိုင်းရင်းသားဒေသအသီး သီးရှိ ဒေသခံများအား အသိပညာနှင့် စီးပွားရေးဖွံ့ဖြိုးမှုမရှိအောင် ဘိန်းစိုက်ခိုင်းကာတိုင်းရင်းသားတို့၏အကျင့်စာရိတ္ထကို ဖျက်ဆီးနေပါသည်။

ဘိန်းစိုက်သည့် ဒေသခံများ အနေဖြင့် ချမ်းသာလာသည်ဟူ၍ မတွေ့ရဘဲ လက်နက်ကိုင် ခေါင်းဆောင်များနှင့် ၎င်းတို့နှင့် ပတ်သက် သည့် စီးပွားရေးသမားများသာ ဘိန်းကုန်ကူးပြီး ချမ်းသာသွားကြပါသည်။ ဆိုးရွားလွန်းသောအချက်မှာ ဒေသခံတိုင်းရင်းသားများသည် ခတ်ခူးရှူခြင်း၊ ဘိန်းစားခြင်းကို ထမင်းစားရေသောက် လိုဖြစ်လာကာ အမျိုးသမီး များပါဘိန်းရှူလျက်ရှိပါသည်။ ထိုအမျိုးသမီးများကလည်း ကလေးများ ကို နို့တိုက်ရင်း ဘိန်းရှူ နေသဖြင့်မွေးစကလေးအရွယ်ကပင် ဘိန်း ရှူခြင်းကိုယဉ်ပါးလာပြီး အရွယ်ရောက်လာပါကလည်း ဘိန်းကို ဆက်လက်ရှူသော အလေ့အထပါလာခဲ့သည်။

အိမ်မွေး တိရိစ္ဆာန်များဖြစ်သည့် လားများကို ဘိန်းကျွေးပြီး ခိုင်းစေ လျက်ရှိသည့် ဘိန်းအန္တရာယ်ကို တိုက်ဖျက်ရန်မှာ ဘက်ပေါင်းစုံ ၀ိုင်းဝန်းလုပ်ကိုင်နိုင်မှသာ အောင်မြင် နိုင်မည် ဖြစ်ပါသည်။
လက်ရှိ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပြီးသော RCSS/SSA အဖွဲ့၊ အလွတ်သဘော ငြိမ်းချမ်းရေးဆွေးနွေးနေသော်လည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန်ကျန်သော KIO/KIA အဖွဲ့၊ မကြာမီကာလက အခြေအနေတင်းမာမှုများကို ဆွေးနွေး ညှိနှိုင်းထားသော UWSA “၀” အဖွဲ့နှင့် SSPP/SSA အဖွဲ့များနည်းတူ အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ကြီးစိုးရာ ဒေသ များတွင် ပညာရေးနှင့်လူနေမှုအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်လာသောကျေးရွာများ၌ စီးပွားရေးအဆင်ပြေ သည့် ငွေကြေးတတ်နိုင်သူများအနေဖြင့် ၎င်းတို့၏ သားသမီးများကို မြို့ကြီးများတွင် သွားရောက်ပညာ သင်ကြားပြီး စီးပွားရေးလုပ်ကိုင်စေသည်။ ပညာတတ်သွားသော ၎င်းတို့သားသမီးများ ကိုယ်တိုင် လက်နက် ကိုင်အဖွဲ့အစည်းထဲသို့ဝင်ရန် မည်သို့ပင် မက် လုံးပေး စေ ကာမူ သွားရောက်လုပ်ကိုင်ခြင်းမရှိတော့သည်ကို တွေ့ ရှိရပါသည်။

၎င်းအချက်ကို ကြည့်ခြင်းအားဖြင့် အသိပညာဖွံ့ဖြိုးတိုးတက်လာပါက လက်နက်ကိုင်အဖွဲ့ အစည်းများတွင် ၀င်ရောက်ခြင်းမရှိသည်ကို သုံးသပ် တွေ့ရှိရပါသည်။ယုံကြည်မှုခိုင်မာပြီး အသိပညာဖွံ့ဖြိုး တိုး
တက်မှု၊ စီးပွားရေးနှင့် လူနေမှုအဆင့်အတန်း များဖွံ့ဖြိုးတိုးတက်မှု
များဖြင့် ငြိမ်းချမ်းရေးရလာပါကလည်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်း သားလူမျိုး ပေါင်းစုံက We are Myanmar ဖြစ်အောင် ပြုစုပျိုးထောင်ပေးဖို့ လိုမည် ဖြစ်ပါသည်။ ထိုသို့ဖြစ်ရန်မှာ အစိုးရအနေဖြင့် နိုင်ငံတွင်းမှီတင်းနေ ထိုင်သော တိုင်းရင်းသားအားလုံး၏ လူမှုစီးပွားဘ၀အားလုံးကို လုံခြုံမှု အာမခံချက်ပေးနိုင်မှသာ We are Myanmar ဖြစ်မည်ဖြစ်ပါသည်။ သို့မှသာတိုင်းရင်းသားအားလုံး ပါဝင်သော အစဉ်ထာဝရ ငြိမ်းချမ်းရေး ရရှိနေမည်ဟု ယူဆပါကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

ဆလိုင်း ကျော်ဝင်းမောင် (ပန်ဒိုရာ)

အင်တာနက်သတင်းများ

0 comments:

Post a Comment