15.7.13

Glee ဇာတ်လမ်းတွဲ၏ အဓိကသရုပ်ဆောင် ကိုရီမွန်တိရှ် ရုတ်တရက်ကွယ်လွန်

Fox ရုပ်သံလိုင်းက စီစဉ်တင်ဆက်တဲ့ နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲ Glee ရဲ့ အဓိက သရုပ်ဆောင်တစ်ဦးဖြစ်သူ ကိုရီမွန်တိရှ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ကနေဒါနိုင်ငံ၊ ဗင်ကူးဗားမြို့က ဟိုတယ်တစ်ခုမှာ ရုတ်တရက် ကွယ်လွန်သွား ခဲ့တယ် လို့ Reuters သတင်းဌာန မှာ ဖော်ပြထားပါတယ်။


အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကနေဒါနိုင်ငံသား ကိုရီမွန်တိရှ်ဟာ ဗင်ကူးဗားမြို့က Fairmont Pacific Rim ဟိုတယ်မှာ တည်းခိုနေစဉ် ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ကိုရီမွန်တိရှ် သေဆုံးရတဲ့ အကြောင်းအရင်းကို အတိအကျ မသိရှိရသေးပေမယ့် သူ့ရဲ့သေဆုံးမှုမှာ ပြစ်မှုကျူးလွန်ထားတဲ့ လက္ခဏာတော့ မတွေ့ရှိရဘူးလို့ သိရှိရပါတယ်။

ကိုရီမွန်တိရှ်ဟာ တစ်စုံတစ်ခု(မည်သည့်အရာဟု မဖော်ပြခဲ့) စွဲနေတဲ့အတွက် ပြန်လည်ထူထောင်ရေး စင်တာမှာ တက်ရောက်နေရတယ်လို့ ဧပြီလထဲတုန်းက သူ့ရဲ့ကိုယ်စားလှယ်တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။

ကိုရီမွန်တိရှ်ဟာ Fairmont Pacific Rim ဟိုတယ်မှာ ဇူလိုင်လ ၆ ရက်နေ့က စတင်တည်းခိုခဲ့တာ ဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နေ့ (စနေနေ့) ထိ တည်းခိုဖို့ စာရင်းပေးထားခဲ့တယ်လို့ သိရပါတယ်။
သူမကွယ်လွန်မီ ရှေ့တစ်ရက်ဖြစ်တဲ့ ဇူလိုင်လ ၁၂ ရက် (သောကြာနေ့) ညက သူ့အခန်းထဲမှာ သူနဲ့အတူ တခြားသူတွေ ရှိနေခဲ့ပေမယ့် သက်သေ အထောက်အထားတွေအရ သူဟာစနေနေ့မနက် အစောပိုင်းမှာ အခန်းကို တစ်ယောက်တည်း ပြန်ရောက်လာခဲ့ပြီး သေဆုံးချိန်မှာ အခန်းထဲမှာတစ် ယောက်တည်း ရှိနေခဲ့တယ်လို့ သိရှိရပါတယ်။

ကိုရီမွန်တိရှ် သေဆုံးရတဲ့ အကြောင်းအရင်းကို သိရှိနိုင်ဖို့အတွက် သူ့ရဲ့အလောင်းကို ဇူလိုင်လ ၁၅ ရက်နေ့မှာ ခွဲစိတ်စစ်ဆေး သွားမှာ ဖြစ်ပါတယ်။

The Voice Weekly

0 comments:

Post a Comment