15.7.13

iDevice တွေမှာ အသုံးပြုနိုင်မယ့် Headphone

iDevice တွေဖြစ်တဲ့ iPod, iPhone, iPad စတဲ့ Apple ပစ္စည်းတွေနဲ့ တွဲဖက် အသုံးပြုနိုင်မယ့် UE 900 headphone လေးကို ညွှန်ပေးချင်ပါတယ်။ Quad-armature design နဲ့ ပြုလုပ်ထားပြီး Custom-Turned Driver လေးခု ပါဝင်တာ တွေ့ရပါတယ်။ ဒီ Headphones လေးက အသံ အရည်အသွေး ကောင်းမွန်တာ တွေ့ရပြီး ကြိုးနှစ်ခု ပါဝင်ပါတယ်။ Volume/Track Control ပါဝင်ပြီး ဖုန်းနဲ့ အသုံးပြုတဲ့အခါ Answer/End Calls တွေကို ဖုန်းကိုင်စရာ မလိုဘဲ ပြုလုပ်နိုင်မယ့် ကြိုး တစ်ကြိုးနဲ့ သီချင်း နားထောင်ဖို့အတွက်ပဲ သီးသန့် ပြုလုပ်နိုင်တဲ့ ကြိုး တစ်ကြိုး ပါရှိတဲ့အတွက် iPhone အတွက်နဲ့ တခြား iDevice တွေအတွက်
ကြိုး နှစ်ကြိုး သီးသန့်ခွဲ အသုံးပြုနိုင်မှာပါ။ ထူးခြားချက်က Headphone တွေနဲ့ သီချင်း နားထောင်တဲ့ အခါမှာ ခံစားရလေ့ရှိတဲ့ နား နာကျင်မှုကို မဖြစ်စေဘဲ သက်သောင့် သက်သာ အသုံးပြုနိုင်ဖို့ နားအရွယ်အစား အမျိုးမျိုးအတွက် အဆင်ပြေပြေ လည်း သုံးနိုင်မယ့် Ear Cushions ရှစ်ခု ပါဝင်တာပါ။ ခရီးထွက်တဲ့အခါ မှာလည်း အလွယ်တကူ သယ်ဆောင် သွားနိုင်ဖို့ Travel Pouch လည်း ပါဝင်ပါသေးတယ်။ ဒီ Headphones လေးအတွက် အာမခံ တစ်နှစ် ပေး ထားပြီး ကျပ် ၁၀၀,၀၀၀ ဝန်းကျင်နဲ့ e-city အမှတ် ၈၀၉၊ မဟာဗန္ဓုလလမ်း (၁၁ လမ်းထောင့်) လမ်းမတော်မြို့နယ်၊ ရန်ကုန်၊ ဖုန်း-၀၁-၂၂၄၃၆၀ နဲ့ e-city ဖုန်းဆိုင် တော်တော်များများမှာ ဝယ်ယူနိုင်ပါလိမ့်မယ်။

The Voice Weekly

0 comments:

Post a Comment