15.7.13

အရည်အသွေးပိုင်း စိတ်ချရတယ်ဆိုတဲ့ Samsung Original Battery Dock

Samsung ဖုန်းတွေထဲမှာ လူကြိုက်များတဲ့ ဖုန်းအမျိုးအစားတွေဖြစ်တဲ့ Samsung Note 2 နဲ့ Samsung Galaxy S3 အတွက် ဈေးနှုန်း သင့်တင့်တဲ့ Samsung Original Battery Dock တွေကို ညွှန်ပေးချင်ပါတယ်။ ဘက်ထရီ နှစ်လုံး ဆောင်ထားတဲ့ သူတွေအတွက် အားသွင်းရတာ အဆင်ပြေသလို အလွယ်တကူ သယ်ဆောင်သွားနိုင်မှာပါ။


ဘက်ထရီဖြုတ်ပြီး အားမသွင်းချင်သူတွေ အတွက် ဖုန်းကို Dock လေးမှာ ထောင်ပြီး အားသွင်းနိုင် Battery Dock နဲ့ ဘက်ထရီဖြုတ် အားသွင်းရတဲ့ Battery Dock နှစ်မျိုးရှိပြီး ဘက်ထရီ မဖြုတ်ဘဲ အားသွင်းလို့ရတဲ့ Battery Dock လေးက ဈေး အနည်းငယ် ပိုတာ တွေ့ရပါတယ်။ ဒီ Samsung Original Battery Dock လေးက ဟောင်ကောင်ထုတ်ဖြစ်ပြီး အရည်အသွေးပိုင်း စိတ်ချရတယ် ဆိုတဲ့အတွက် ညွှန်ပေးလိုက်တာပါ။ ဝယ်ယူချင်တယ်ဆိုရင် ဖုန်းအမျိုးအစားနဲ့ Battery Dock ပေါ် မူတည်လို့ ကျပ် ၁၀,၀၀၀ ကနေ ၁၃,၀၀၀ ကျပ်အထိ ရှိပြီး Accessories Time အမှတ် ၁၃၈၊ ၃၄ လမ်း(အလယ်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်၊ ဖုန်း-၀၉-၇၃၀၅၄၁၉၅ မှာ ဝယ်ယူနိုင်ပါလိမ့်မယ်။

The Voice Weekly

0 comments:

Post a Comment