13.5.16

မြန်မာ နိုင်ငံကို ဆွဲ ဆောင် မှု အ ကောင်း ဆုံးနိုင် ငံ အ ဖြစ် ထိန်း သိမ်း နိုင် ပါက ၂ဝ၂ဝပြည့်နှစ်အတွင်း ထိပ်တန်း အဆင့် နိုင်ငံသို့ ရောက်ရှိရန် ခန့်မှန်းထား

ခရီးသွားကဏ္ဍတွင် မြန်မာနိုင်ငံသည် ဆွဲဆောင်မှု အကောင်းဆုံး နိုင်ငံအဖြစ် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ဆက်လက် ထိန်းသိမ်းနိုင်ပါက ၂ဝ၂ဝပြည့်နှစ်အတွင်း နိုင်ငံပေါင်း ၁ဝဝတွင် ထိပ်တန်းအဆင့် နိုင်ငံသို့ ရောက်ရှိရန် ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနမှ သိရသည်။
''ကမ္ဘာ့ခရီးသွားကောင်စီ (WTTC) က မြန်မာနိုင်ငံရဲ့ ခရီးသွား ဖွံ့ဖြိုး တိုးတက်မှုတွေ ဆက်လက် ထိန်းသိမ်း ထားနိုင်ရင် ထိပ်တန်း စာရင်းထဲပါ လာနိုင်ပါတယ်။ ထိပ်တန်း စာရင်းထဲမှာပါဝင် နိုင်ဖို့ စီမံချက်တွေ ချမှတ် ဆောင်ရွက် သွားပါမယ်''
ဟု ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်ကပြောသည်။
မြန်မာနိုင်ငံသည် ထိပ်တန်းအဆင့် နိုင်ငံအဖြစ်ရောက်ရှိနိုင်ရန် ခရီးသွားလုပ်ငန်း နယ်ပယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လုပ်ငန်း ရှင်များ၊ ပြည်သူလူထုများ အပေါ်တွင် မူတည်ပါကြောင်း၊ ခရီးသွားဖွံ့ဖြိုး တိုးတက်မှု နှင့်အတူ မိမိတို့၏ ရိုးရာ ယဉ်ကျေးမှုများ မပျောက်ပျက်စေရေး၊ သဘာဝအခြေ အနေများ ပျက်စီးမှုမရှိစေရေး၊ သဘာဝ ပတ်ဝန်းကျင်များ ထိန်းသိမ်း ကာကွယ်စောင့် ရှောက်ရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး၊ ဂေဟစနစ်ပျက်စီးချွတ်ယွင်း မှုမရှိ စေရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ မရှိစေရေး၊ သန္တာ ကျောက်တန်းများနှင့် သဘာဝမျိုးစိတ်များ မပျက်စီးစေရေး၊ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များအား ဆွဲဆောင်နိုင်မည့် အစီအစဉ်များဖြစ်သည့် Night Bazaar / Night Life များ ဖော်ထုတ်ရေး စသည် တို့ကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အချက်အလက်များကို လည်း ကောင်း၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်မည့် အခြေအနေများကို လည်းကောင်း၊ ခရီးစဉ်ဒေသ အသစ် ဖော်ထုတ်ခြင်း၊ ခရီးစဉ် ဒေသများ မြှင့်တင် ကြော်ငြာခြင်းများကို လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေး နည်းလမ်းများကို လည်းကောင်း၊
နယ်စပ်ဖြတ်ကျော်ခြင်းခရီးစဉ်များ ဝင်ရောက်ထွက်ခွာမှု အခြေအနေများကိုလည်းကောင်း၊ ကမ္ဘာလှည့် ခရီးသွား ဧည့် သည်များ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး ကိစ္စရပ်များကို လည်းကောင်း ဒေသခံများနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

Credit To >>> မြ၀တီ

0 comments:

Post a Comment