27.12.13

Suzuki Myanmar Motor မှ Super Carry Truck များကို ဈေးနှုန်းအသစ် ဒေါ်လာ ၅,၅၅၅ ဖြင့် ရောင်းချ

Suzuki Myanmar Motor မှ Super Carry Truck များကို ဈေးနှုန်းအသစ် ဒေါ်လာ ၅,၅၅၅ ဖြင့် ရောင်းချပေးနေပြီ ဖြစ်ကြောင်း အဆိုပါကားများကို ကိုယ်စားလှယ်အဖြစ် ရောင်းချပေးနေသော ‘MyoMotor’ မှသိရသည်။

Suzuki Super Carry Truck များသည် ကိုယ်ထည်တောင့်တင်းခိုင်မာ၍ စက်စွမ်းအားကောင်းပြီး သင့်တင့်သော ဈေးနှုန်းရှိသည့်အပြင်နိုင်ငံတကာ စံချိန်မီအရည်အသွေးဖြင့် မြန်မာပြည်တွင် ပြန်လည်ထုတ်လုပ် ရောင်းချနေခြင်း ဖြစ်သည်။ Suzuki Super Carry များကို ရောင်းချပေးခြင်းနှင့် ပတ်သက်၍ Myo Motor မှတာဝန်ရှိသူတစ်ဦးက “Suzuki Super Carry Truck တွေကို ဈေးနှုန်းအသစ်ဖြစ်တဲ့ ဒေါ်လာ ၅,၅၅၅နဲ့ ရောင်းချပေးနေပါတယ်၊ အာမခံအနေနဲ့တစ်နှစ်၊

ဒါမှမဟုတ်မိုင်နှစ်သောင်းသတ်မှတ် ပေးထားပါတယ်၊ ဒီကားတွေကကိုယ်ထည် တောင့်တင်းခိုင်မာပြီး အင်ဂျင်ပါဝါကလည်း Mini Carry Truck (ခွေးဘီလူး)တွေ ထက်များပြီး စက်စွမ်းအား ကောင်းမွန်တဲ့အတွက်ပစ္စည်းသယ်ယူတဲ့နေရာမှာ များစွာအသုံးဝင်ပါတယ်၊ ဈေးနှုန်းကလည်း သင့်တင့်တဲ့အတွက်သုံးစွဲသူတွေအနေနဲ့ အဆင်ပြေစေမှာ ဖြစ်ပါတယ်” ဟုဆိုခဲ့သည်။

တောင်ဒဂုံစက်မှုဇုန်ရှိ Suzuki Myanmar Motor မှ ထုတ်လုပ်သော Carry Truck များကို ကနဦးမှတ်ပုံတင် ပြုလုပ်ရန်အတွက် (က) Letter of Authorization From Origin Co.,Ltd (ခ) QC Would Be Signed By Origin Co.,Ltd (ဂ)Both Our Inspectors (Engineers)၊ (ဃ) Vehicle Identification (VinPlate)၊ (င) မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မ ရှင်၏ မော်တော်ယာဉ်အမျိုးအစားအလိုက်ထုတ်လုပ်ခွင့်ပြုချက်မိတ္တူ၊ (စ) Inspection Certificate မူရင်းနှင့်မိတ္တူ၊ (ဆ) ပိုင်ရှင်လျှောက်လွှာနှင့် (ဇ) ဓာတ်ပုံပါစစ်ဆေးရေး ကတ်မူရင်းနှင့် မိတ္တူစသည်တို့ပါဝင်ရမည် ဖြစ်သည်။

Automobile Journal

0 comments:

Post a Comment