27.12.13

အိန္ဒိယနှင့် နယ်စပ်မျဉ်း သတ်မှတ်မှုကြောင့် နှစ်နိုင်ငံကုန်သွယ်မှုများ ထိခိုက်နိုင်မည်ဟု ဖော်ပြချက်မြန်မာကုန်သည်များ ငြင်းဆို

မြန်မာ အစိုးရ၏ အိန္ဒိယနိုင်ငံနှင့် မြန်မာ နိုင်ငံကြား နယ်စပ်မျဉ်းသတ်မှတ် မှုကြောင့် နှစ်နိုင်ငံနယ်စပ်ကုန် သွယ်မှုများထိခိုက်မည်ဟု အိ န္ဒိယအခြေစိုက် အရှေ့အာရှ သတင်းဌာနဖြစ်သည့် The hindu သတင်း၏ ဖော်ပြမှုအား မြန်မာကုန်သည်များက ငြင်း ဆိုခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဖြစ်သော တမူးမြို့နယ် အတွင်းရှိ အငြင်းပွားဖွယ်BP 78 အနီးတွင် ICP ရုံးအခြေ စိုက်ရန် မြေပြုပြင်ခြင်းအဆောက် အအုံ ဆောက် လုပ် ရန်ဆောင် ရွက်မှုများကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့မှုအပေါ် အခြေခံကာ အဆိုပါသတင်းဌာန၏ ဖော်ပြ ချက်အား မြန်မာကုန်သည်များ က မဖြစ်နိုင်ဟု ဆိုသည်။

ယင်းနှင့်ပတ်သက်၍ တမူး နယ်စပ်ကုန်သည်အသင်း ဥက္ကဋ္ဌ ဦးလှမောင်က ''မိုင်တိုင်မှာဖြစ် နေတဲ့ပြဿနာတွေကို အပြီးအ ပြတ်မရှင်းနိုင်ခင်မှာ သူတို့အာ သံတပ်က ဒီလိုမျိုးဆောင်ရွက် တာကို မခံနိုင်လို့ ဒေသခံတွေ ကုန်သည်တွေ စုပြီး ကန့်ကွက် ကြတာပါ။ ဒီအတွက် နှစ်နိုင်ငံ ကုန်သွယ်မှုကို သူတို့ပြောသလို မထိခိုက်နိုင်ပါဘူး''ဟု ဆိုသည်။

ယင်းက ဆက်လက်ပြော ဆိုရာတွင် လက်ရှိဖြစ်ပေါ်နေ သည့် အငြင်းပွားဖွယ်နေရာမှာ နှစ်နိုင်ငံပိုင်ဆိုင်သည့် နေရာဖြစ် သည့်အတွက် မည်သူပိုင်သည် ဟူ၍ အတိအကျမပြောဆိုခင် အာသံရိုင်ဖယ်တပ်မှ ရုံးစိုက် ရန် လုပ်ဆောင်ခြင်းကြောင့် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ ကြောင်း ထပ်မံပြောဆိုသည်။

မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင်အတွင်း နယ်ခြားမှတ် တိုင် ၅ဝကျော်ရှိသော်လည်း မှတ်တိုင်အမှတ် BP 78 မှာ ပျောက်ကွယ်နေသည့်အတွက် နယ်ခြားမျဉ်း ပြန်သတ်မှတ်ရန် ဆောင်ရွက်နေစဉ် အဆိုပါလက် နက်ကိုင်အဖွဲ့မှ ရုံးစိုက်ရန်ပြု လုပ်ခြင်းကြောင့် ဒေသခံမြန်မာ လူမျိုးများ ကန့်ကွက်ခြင်းဖြစ် သည်ဟု သိရသည်။ နယ်စပ်ဆိုင်ရာအငြင်းပွား မှုများဖြစ်ပေါ်နေခြင်းကြောင့် နှစ်နိုင်ငံနယ်စပ်တွင် နယ်ခြား ခြံစည်းရိုးဆောင်ရွက်နေသည့် အဖွဲ့အစည်းများအား အိန္ဒိယ နိုင်ငံ ပြည်ထောင်စုပြည်ထဲရေး ဝန်ကြီး Mr Sushilkumar Shinde က လုပ်ငန်းဆောင်ရွက် ခြင်းအား ခေတ္တရပ်နားထားရန် ညွှန်ကြားထားကာ မြန်မာအစိုး ရပိုင်းနှင့် သံတမန်နည်းအရ ဆောင်ရွက်မည်ဟု ဆိုသည်။

အဆိုပါနယ်စပ်မျဉ်းသတ် မှတ်မှုအား ဒီဇင်ဘာ၂၄ရက် နံနက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လူထုစုရုံးမှုအပြီးတွင် မြန်မာ အစိုးရမှ အပြည်ပြည်ဆိုင်ရာ စဉ်းမျဉ်းများအရ သတ်မှတ်၍ ကျောက်တိုင်စိုက်ထူခဲ့ခြင်းဖြစ် ရာ ယင်း၏အကျိုးဆက်အနေ ဖြင့် ၁၉၉၅ခုနှစ်စတင်ခဲ့သော မြန်မာနိုင်ငံနှင့် အိန္ဒိယ မဏိပူရ တရားဝင် နယ်စပ်ကုန်သွယ်မှု အား နိဋ္ဌိတံသွားစေနိုင်ကြောင်း သတင်းတွင် ဖော်ပြထားခဲ့ခြင်း ဖြစ်သည်။

အငြင်းပွား ဖွယ်ရာ နယ်စပ်ဂိတ်များဖြစ်သည့် ဂိတ်အမှတ် (၁)နှင့်(၂)နေရာတွင် အိန္ဒိယ အစိုးရမှ မဏိပူရပြည်နယ်အ တွင်းနေထိုင်သော နာဂ၊ က သည်း၊ ကူကီးသူပုန်များကြောင့် တပ်ရင်းလေးခုအထိ ထားရှိထား သော်လည်း မြန်မာအစိုး ရပိုင်း မှ နယ်ခြား စောင့်တပ်ရင်းတစ်ခု သာထားရှိကြောင်း ဒေသခံလွှတ် တော်ကိုယ်စားလှယ်များ၏ ပြော ဆိုချက်အရ သိရသည်။

နိုင်နိုင်ဇော်
Yangon Media Group

0 comments:

Post a Comment