27.12.13

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာအခြေအနေအားမိသားစုဆရာဝန်ကြေညာ ချက်ထုတ်ပြန်

အမျိုးသားဒီမီုကရေစီ အဖွဲ့ ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဧ။် ကျန်းမာရေးအခြေအနေပြန်လည် ကောင်းမွန်ပြီဖြစ်သောကြောင့်
ခရီးစဉ်များပြန်လည်စတင်တော့ မည်ဖြစ်ကြောင်း မိသားစုဆရာဖြစ်သည့် ဒေါက်တာတင်မျိုးဝင်းက ၂၇.၁၂.၂၀၁၃ တွင်
ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ခြေထောက်အသေးစားခွဲစိတ်မူကြောင့် ကောင်းမွန်စွာလမ်းလျှောက်နိုင်ခြင်းမရှိသောကြောင့်ခရီးစဉ်များခေတ္တ ဖျက်သိမ်းကြောင်း အဖွဲ့ ချုပ်မှ ကြေညာခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက်နေ တွင် ခွဲစိတ်ထားသည့် ခြေထောက်အားအနာချုပ်ရိုးဖြေရာတွင် အနာကျက်၍ ကောင်းမွန်စွာလမ်းလျှောက်နိုင်ပြီ ဖြစ်သောကြောင့် ခရီးစဉ်များပြန်လည်စတင်မည်ဖြစ်ကြောင်း မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ဆိုသည်။



" ခွဲစိတ်မူကအသေးစားပါ ဒါပေမယ့် အချိန်အကြာကြီး မတ်တပ်မရပ်နိုင်တာရယ် လမ်းလျှောက်တာအခက်ခဲဖြစ်မှာစိုးလို့ 
ခရီးစဉ်တွေကို ရပ်ဆိုင်းထားခဲ့တာ။ အခုအနာချုပ်ရိုးဖြေတော့ လမ်းလျှောက်နိုင်ပြီ နာကျင်မူလဲမရှိတော့တာမို့  ခရီးပြန်သွာုးလို့ ရပါပြီ" ဟု ဒေါက်တာတင်မျိုးဝင်းကပြောသည်။

ကျန်းမာရေးအခြေနေပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ချင်းပြည်နယ်ခရီးစဉ်အား ဒီဇင်ဘာ ၆ရက်နေ့ တွင်စတင်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပန်မိုးဝါ (ရိုးရာလေး)

0 comments:

Post a Comment